သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား ကျန်းမာရေးစနစ် ပြုပြင်ရေး အောက်လွှတ်တော် မဲခွဲ အတည်ပြု


အမေရိကန် ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲရေး မူကြမ်းအပေါ် အမေရိကန် အောက်လွှတ်တော်ရဲ့ အတည်ပြုချက်ကို ကပ်ပြီး ရရှိသွားပါတယ်။

မူကြမ်းနဲ့ပတ်သက်ပြီး ၁၂ နာရီလောက်ကြာအောင် အောက်လွှတ်တော်မှာ စနေနေ့က အချေအတင် ဆွေးနွေးခဲ့ကြပြီးနောက်မှာ ဒီမိုကရက်အမတ် ၂၁၉ ယောက်နဲ့အတူ ရီပတ်ဘလီကန်အမတ် တယောက်က မူကြမ်းကို ထောက်ခံမဲ ပေးခဲ့ပါတယ်။

ဒီဆုံးဖြတ်မှုဟာ သမိုင်းဝင် မဲခွဲဆုံးဖြတ်မှု ဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ချီးမွမ်းခဲ့ပြီး အထက်လွှတ်တော်ကလည်း မူကြမ်းကို ထောက်ခံဖို့ သူ့အနေနဲ့ အပြည့်အဝ ယုံကြည်တယ်လို့ ပြောပါတယ်။

အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တွေက သဘောတူကြတဲ့ မူကြမ်းပါ အချက်တွေကို ပြန်လည်ညှိနှိုင်းပြီး နောက်ထပ်တကြိမ် မဲခွဲဆုံးဖြတ်ဖို့ လိုပါတယ်။ နောက်ဆုံး သဘောတူညီမှု ရပြီးမှ ဥပဒေ အတည်ဖြစ်ဖို့ သမ္မတက လက်မှတ်ရေးထိုး အတည်ပြုရမှာ ဖြစ်ပါတယ်။

တချို့လူနာတွေကလွဲလို့ ကိုယ်ဝန်ဖျက်ချမှုတွေကို အစိုးရစရိတ် မပေးဘူးလို့ မူကြမ်းကို ပြင်ဆင်ပြီးတော့မှ အောက်လွှတ်တော်မှာ စနေနေ့က အတည်ပြုချက် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG