သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာလင်တံတိုင်း ပြိုကျခြင်း နှစ်ပတ်လည် ဂျာမဏီ ကျင်းပ


စစ်အေးကာလက အရှေ့နဲ့ အနောက်ဂျာမဏီကို ပိုင်းခြားထားတဲ့ ဘာလင်တံတိုင်းကြီးကို ဖြိုချနိုင်ခဲ့တာ အနှစ် ၂၀ ပြည့်တဲ့ ဒီနေ့မှာ ဂျာမဏီနိုင်ငံမှာ အထိမ်းအမှတ်ပွဲတွေ လုပ်နေပါတယ်။

အထိမ်းအမှတ် အခမ်းအနားကို ဂျာမဏီဝန်ကြီးချုပ် အိန်ဂျလာ မာခဲလ် (Angela Merkel) နဲ့အတူ ဆင်နွှဲနိုင်ဖို့ ဥရောပနဲ့ အမေရိကန် နိုင်ငံတွေက နိုင်ငံ့ခေါင်းဆောင်တွေ၊ အထူးဧည့်သည်တော်တွေဟာ ဘာလင်မြို့မှာ တနင်္ဂနွေနေ့ နှောင်းပိုင်းကတည်းက ရောက်ရှိနေကြပါတယ်။

ဧည့်သည်တော်တွေထဲမှာ အရင် ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင်ဟောင်း မစ်ခေးလ် ဂေါ်ဘာချက်ဗ် (Mikhail Gorbachev)၊ ပိုလန်သမ္မတဟောင်း လစ်ခ် ဝါလ်ဆာ (Lech Walesa)၊ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown)၊ ပြင်သစ်သမ္မတ နစ်ကိုးလပ်စ် ဆာကိုဇီ (Nicolas Sarkozy)၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) တို့အပြင် တခြားနိုင်ငံက ခေါင်းဆောင်တွေ၊ အရာရှိကြီးတွေ၊ သံတမန်ဟောင်းကြီးတွေ ပါဝင်ပါတယ်။

ကွန်မြူနစ်စနစ် ကျင့်သုံးတဲ့ အရှေ့ဂျာမဏီမှာ ဒီမိုကရေစီ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာတော့ ဘာလင်တံတိုင်းကြီးကို ဖြိုချနိုင်ခဲ့ကြပါတယ်။ အရှေ့ဂျာမဏီဘက်က အစောင့်တွေ နယ်စပ်ဂိတ်တွေကို ရုတ်တရက် ဖွင့်လှစ်ပေးခဲ့ပြီးချိန်မှာတော့ ထောင်ပေါင်းများစွာသော အရှေ့ဂျာမဏီဘက်က လူတွေဟာ အနောက်ဂျာမဏီဘက်ကို သွားခဲ့ကြပါတယ်။

ဘာလင်တံတိုင်းကြီး ပြိုကျသွားပြီးတဲ့နောက် ၁၉၉၀ အောက်တိုဘာလ ၃ ရက်နေ့မှာ အရှေ့နဲ့ အနောက်ဂျာမဏီ တရားဝင် ပြန်လည် ပေါင်းစည်းနိုင်ခဲ့ပါတယ်။ အရှေ့ဥရောပမှာ ကွန်မြူနစ်စနစ် ပျက်သုဉ်းရေးအတွက် ဘာလင်တံတိုင်းကြီးကို ဖြိုချနိုင်ခဲ့မှုကလည်း မှတ်ကျောက်တခု ဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG