သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

APEC ညီလာခံ ကမ္ဘာ့ဘဏ္ဍာရေး ပြဿနာနဲ့ လွတ်လပ်စွာကုန်သွယ်ခွင့် အာရုံစိုက်ဆွေးနွေး


ဒီကနေ့ တနင်္ဂနွေနေ့မှာ စင်ကာပူနိုင်ငံက အာရှပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု APEC ညီလာခံမှာ APEC ၂၁ နိုင်ငံ ခေါင်းဆောင်တွေဟာ ကမ္ဘာ့လုံးဆိုင်ရာ ဘဏ္ဍာငွေကြေး ကျပ်တည်းမှုနဲ့ ကုန်သွယ်ရေး ထုတ်လုပ်မှုကို မြှင့်တင်ပေးရေးတွေကို အဓိကထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေး ပြန်လည်နိုးထလာရေး ကြိုးပမ်းချက်တွေမှာ နိုင်ငံတကာ ပိုမိုပူးပေါင်းဆောင်ရွက်ကြဖို့ နဲ့ ကုန်သွယ်ရေးမှာ တံခါးပိုမိုဖွင့်ထားဖို့ ဆိုတာတွေကို ၂၁ နိုင်ငံ ခေါင်းဆောင်တွေက ပြောဆိုခဲ့ကြပါတယ်။

အမေရိကန်က ကုန်သွယ်ရေးမှာ ကိုယ်ကျိုးစီးပွား ကာကွယ်မှုဝါဒကို ကျင့်သုံးနေတယ်လို့ ပြောဆိုလိုတဲ့ အရိပ်လက္ခဏာတွေ ကိုလည်း တွေ့ကြရပါတယ်။ ဥရောပသမဂ္ဂ အီးယူ ပုံသဏ္ဍန် အာရှပစိဖိတ် မိသားစုအဖွဲ့တဖွဲ့ ဖွဲ့စည်းဖန်တီးဖို့ကို သြစတြေးလျ ဝန်ကြီးချုပ် ကယ်ဗင် ရက်ဒ် (Kevin Rudd) က တိုက်တွန်း ပြောဆိုသွားပြီး မက္ကဆီကို သမ္မတ ဖိလစ်ပ် ကယ်လ်ဒါရွန် (Felipe Calderon) ကတော့ လွတ်လပ်စွာ ကုန်သွယ်ခြင်းရဲ့ ဆန့်ကျင်ဘက်ကို အမေရိကန်အစိုးရက သွားနေတယ်လို့ ဝေဖန် ပြောကြားခဲ့ပါတယ်။ ရုရှားသမ္မတ မက်ဗီယဲဒက်ဖ် ကလည်း အလားတူ ပြောဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG