သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှု အဆိုးရွားဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ တတိယ


စစ်အစိုးရ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ တတိယမြောက် အဂတိ အလိုက်စားဆုံး နိုင်ငံအဖြစ်နဲ့ နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ Transparency International က အင်္ဂါနေ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဖော်ပြလိုက်ပါတယ်။

ကမ္ဘာပေါ်က တည်ငြိမ်မှု ကင်းမဲ့တဲ့၊ မငြိမ်းချမ်းတဲ့ ဆိုမာလီနိုင်ငံနဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တူညီနေတယ်လို့ TI အဖွဲ့က သတ်မှတ်ခဲ့ပါတယ်။ ဆိုမာလီနိုင်ငံဟာ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး အာဖဂန်နစ္စတန်နိုင်ငံကိုတော့ ဒုတိယအဆင့်မှာ သတ်မှတ်ထားပါတယ်။

ကမ္ဘာ့ အဂတိအလိုက်စားဆုံး နိုင်ငံကို သတ်မှတ်ရာမှာ အမှတ် ၁.၁ ကနေ ၁၀ အထိ ပေးထားပြီး ဒုတိယ အဆိုးဝါးဆုံး အာဖဂန်နစ္စတန်နိုင်ငံကို ၁.၃ အဖြစ် သတ်မှတ်ပါတယ်။ မြန်မာနိုင်ငံက ၁.၄ ရှိပြီး စတုတ္ထနှစ်နိုင်ငံက ဆူဒန်နဲ့ အီရတ်နိုင်ငံဖြစ်ပြီး ၁.၅ အဆင့်မှာ ရှိနေပါတယ်။

၂၀၀၈ ခုနှစ်အတွင်း အာရှတိုက်တလွှားမှာ ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်မှုနဲ့ နိုင်ငံရေး ပြောင်းလဲမှုဒဏ်ကို ခံရတာကြောင့် နိုင်ငံအများအပြားမှာ အဂတိလိုက်စားမှုတွေ တိုးလာတယ်လို့လည်း TI အဖွဲ့က ပြောပါတယ်။

စာရင်းဝင်နိုင်ငံပေါင်း ၁၈၀ ထဲမှာ ကမ္ဘောဒီးယား၊ လာအို၊ အရှေ့တီမောနဲ့ ဗီယက်နမ် နိုင်ငံတွေဟာ အောက်ဆုံးအဆင့်တွေမှာ နေရာယူထားပါတယ်။ ဒီအထဲမှာ အင်ဒိုနီးရှားနိုင်ငံကတော့ တိုးတက်မှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံကလည်း အရာရှိတွေနဲ့ ဝန်ကြီးအဆင့် အဂတိလိုက်စားမှုတွေကို နှိပ်ကွပ်ဖို့ ကြိုးစားခဲ့ပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ရင် အဂတိလိုက်စားမှုတွေ ရှိနေသေးတယ်လို့ နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့ကြီးက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG