သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား ခရီးစဉ်အတွင်း သမ္မတ အိုဘားမား လွတ်လပ်စွာ ကုန်သွယ်ခွင့်ကိစ္စ ဆွေးနွေး


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြာသပတေးနေ့မှာ တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်ခ် (Lee Myung-bak) နဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုတွေ အတွက် ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံအကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် တခုကို တရားဝင် ချမှတ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်ကို ၂၀၁၀ မှာ အပြီးချမှတ်လိုတဲ့ ဆန္ဒရှိတယ်လို့ သမ္မတ အိုဘားမားက ဗုဒ္ဓဟူးနေ့က FOX သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အာရှတလွှား ခရီးထွက်နေတဲ့ အမေရိကန် သမ္မတရဲ့ ခရီးစဉ်မှာ တောင်ကိုရီးယားနိုင်ငံကို နောက်ဆုံးဝင်ရောက်တာ ဖြစ်ပြီး ဂျပန်၊ စင်ကာပူနဲ့ တရုတ်နိုင်ငံတွေကိုလည်း သွားရောက်ခဲ့ပါတယ်။

အမေရိကန် သမ္မတနဲ့ တောင်ကိုရီးယား သမ္မတတို့ နှစ်ဦးဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အငြင်းပွားဖွယ် နျူကလီးယား လုပ်ငန်းစဉ်တွေ စွန့်လွှတ်ရေးအတွက် ၆ နိုင်ငံ ဆွေးနွေးပွဲတွေနဲ့ ညှိနှိုင်းနိုင်ရေး ကိစ္စရပ်တွေကိုပါ ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နဲ့ နှစ်နိုင်ငံချင်း ဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ တောင်းဆိုထားပါတယ်။
အမေရိကန်၊ တောင်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးဟာ အာဖဂန်နစ္စတန် စစ်ပွဲအတွက် တောင်ကိုရီးယား တပ်သားတွေ စေလွှတ်ရေး ကိစ္စရပ်တွေကိုပါ ဆွေးနွေးကြဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG