သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှိတ်ခ် မူဂျီဘာ လုပ်ကြံမှု သေဒဏ်အယူခံ ပယ်ချ


၁၉၇၅ ခုနှစ်က နိုင်ငံ့လွတ်လပ်ရေး ခေါင်းဆောင်ကို သတ်မှုနဲ့ သေဒဏ်ချခံထားရတဲ့ လူ ၅ ယောက်ရဲ့ အမှု နောက်ဆုံးအယူခံကို ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က ပယ်ချလိုက်ပါတယ်။

ရှိတ်ခ် မူဂျီဘာ ရာမန် (Sheikh Mujibur Rahman) ကို သတ်တဲ့အမှုမှာ ပါဝင်ခဲ့တဲ့အတွက် တပ်သားဟောင်းတွေ အနေနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ချက် ချခဲ့တဲ့အပေါ် တရားရုံးက ကြာသပတေးနေ့မှာ အတည်ပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ရှိတ်ခ် မူဂျီဘာဟာ သူ့ရဲ့မိသားစုဝင် ၂၀ ကျော်နဲ့အတူ ၁၉၇၅ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုမှာ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူဟာ ၁၉၇၁ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပါကစ္စတန် လက်အောက်ကနေ လွတ်လပ်ရေးရအောင် ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ကြာသပတေးနေ့ ဆုံးဖြတ်ချက်မချခင် မြို့တော်မှာ အစိုးရက ထောင်ပေါင်းများစွာသော အရာရှိတွေကို တပ်ဖြန့်ထားရပါတယ်။ တရားရုံးချုပ် အဆောက်အအုံမှာလည်း အနီးကပ် လုံခြုံရေး ကင်မရာတွေ တပ်ဆင်ထားခဲ့ပြီး မြို့တော်တဝိုက် စစ်ဆေးရေး ဂိတ်တွေမှာလည်း လုံခြုံရေးတွေကို သေသေချာချာ စီစဉ်ထားခဲ့ပါတယ်။

အောက်တိုဘာလတုန်းကလည်း ဒီအမှုနဲ့ ပတ်သက်တဲ့ အစိုးရအကြံပေး ရှေ့နေတယောက်ရဲ့ ကားကို အမည်မသိ တိုက်ခိုက်သူတွေကနေ လက်ပစ်ဗုံးတလုံး ပစ်ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG