သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကျောက်မီးသွေးမိုင်း ပေါက်ကွဲမှု ၄၀ ကျော် သေ


တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက ကျောက်မီးသွေးတွင်းတခုမှာ စနေနေ့အစောပိုင်းက ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၄၂ ယောက်ထိ ရှိသွားပြီဖြစ်ပြီး အလုပ်သမား ၆၆ ယောက်ကတော့ မြေအောက်ထဲမှာ ပိတ်မိနေပါတယ်။

Heilongjiang ပြည်နယ်က Xinxing သတ္ထုတွင်းမှာ ပေါက်ကွဲမှုဖြစ်တဲ့အချိန်က အလုပ်သမား ၅၀၀ ကျော် အလုပ်လုပ်နေကြတယ်လို့ လုပ်ငန်းခွင် လုံခြုံရေးဆိုင်ရာဌာနက ပြောပါတယ်။ အလုပ်သမား ၄၀၀ နီးပါး လွတ်မြောက်ခဲ့ကြတာပါ။ ကယ်ဆယ်ရေးလုပ်သားတွေက ပိတ်မိနေတဲ့ အလုပ်သမားတွေကို ရှာနေကြပါတယ်။

အဲဒီသတ္ထုတွင်းကို Heilongjiang Longmei သတ္ထုတူးဖော်ရေးကုမ္ပဏီက ပိုင်ဆိုင်ပါတယ်။

တရုတ်နိုင်ငံက ကျောက်မီးသွေးတွင်းတွေမှာ လူအသေအပျောက်များတဲ့ မတော်တဆမှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်ကဆိုရင် သတ္ထုတွင်းအလုပ်သမား ၃,၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ သေဆုံးသူအရေအတွက်ဟာ ဒီ့ထက်ပိုများမယ်လို့ စောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေက ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG