သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားစက်ရုံတွေ ကာကွယ်ရေး အီရန် စစ်ရေးလေ့ကျင့်


အီရန်နိုင်ငံထဲက နျူကလီးယား စက်ရုံတွေကို လေကြောင်းကနေ တိုက်ခိုက်ခံရမှု ကာကွယ်ရေး အတွက် လေကြောင်းအရ ကာကွယ်ရေး စီမံချက် စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်သွားမယ်လို့ အီရန်တပ်မတော်က ဗိုလ်မှူးချုပ် အာမတ် မီဂါနီ က အီရန်အစိုးရရဲ့ အက်ဖ်အေအာအက်စ် သတင်းဌာနကို စနေနေ့က ပြောကြားလိုက်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို ဒီကနေ့ တနင်္ဂနွေနေ့ကနေ ၅ ရက်ကြာ ပြုလုပ်မှာဖြစ်ပြီးတော့ အီရန်ရဲ့ တော်လှန်ရေး အစောင့်တပ်ဖွဲ့တွေနဲ့ တခြားသော ပုံမှန်တပ်မတော် တပ်ရင်း တပ်ဖွဲ့တွေ ပါဝင်တဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ အကြီးစားလေ့ကျင့်မှုကြီး ဖြစ်တယ်လို့လည်း ဗိုလ်မှူးချုပ် မီဂါနီ က ဆိုပါတယ်။

အီရန်ရဲ့ နျူကလီးယား စက်ရုံတွေရှိရာ အီရန်အလယ်ပိုင်း၊ အနောက်ပိုင်း နဲ့ တောင်ပိုင်းက ဒေသ အစိတ်အပိုင်း များစွာနဲ့ စတုရန်းကီလိုမီတာ ၆၀၀,၀၀၀ လောက်ရှိတဲ့ လေ့ကျင့်ရေး နယ်မြေကြီးကို သတ်မှတ်ပြီး စစ်ရေးလေ့ကျင့်သွားမှာ ဖြစ်တယ်လို့လည်း ဗိုလ်မှူးချုပ် မီဂါနီ က ပြောပါတယ်။

တကယ်ပဲ နျူကလီးယား စက်ရုံတွေကို လေကြောင်းက တိုက်ခိုက်ခံရတဲ့ သဏ္ဍန်နဲ့ လေ့ကျင့်သွားမှာဖြစ်တယ်လို့ ဗိုလ်မှူးချုပ် မီဂါနီ က ဆိုပါတယ်။ အီရန်နျူကလီးယား အရေးကို သံခင်းတမန်ခင်းနဲ့ ဖြေရှင်းလို့မရရင် စစ်ရေးနဲ့ တုံ့ပြန်ဆောင်ရွက် သွားဖို့ကို အမေရိကန် ပြည်ထောင်စုနဲ့ အစ္စရေးတို့ကလည်း ခုချိန်ထိ ပယ်ဖျက်ခြင်း မရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG