သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ငြိမ်းချမ်းရေး တာလီဘန်နဲ့ ဆွေးနွေးရာမှာ သတိရှိစေလို


အာဖဂန်နစ္စတန် အစိုးရ အနေနဲ့ တာလီဘန် လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပြောဆိုမှုတွေ ကျင်းပဖို့ အိုဘားမား အစိုးရအဖွဲ့က လိုလားပေမဲ့ သတိကြီးကြီးနဲ့ လုပ်ဖို့တော့ လိုမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောကြားပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ တနင်္လာနေ့မှာ အမျိုးသား လုံခြုံရေးအဖွဲ့နဲ့ ဝါရှင်တန်မှာ တွေ့ဆုံပြီး အာဖဂန်နစ္စတန် နိုင်ငံဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးရာမှာ အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဆက်နွယ်ပြီး အကြမ်းဖက်မှုတွေ အားလုံးကို လုပ်ဆောင်နေတယ်လို့ ကြေညာထားတဲ့ တာလီဘန်တွေနဲ့ ပတ်သက်တဲ့ ပြဿနာ အတိုင်းအတာကို နှစ်နိုင်ငံ ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီး ကလင်တန်က ပြောပါတယ်။

အာဖဂန်အစိုးရနဲ့ ရှေ့လာမယ့် ဆွေးနွေးမှုတွေမှာ အဖွဲ့ဝင်အားလုံး လက်ခံနိုင်မယ့် စံစနစ် ချမှတ်မှုမျိုး တင်ပြသင့်တယ်လို့လည်း ပြောပါတယ်။

အမျိုးသားလုံခြုံရေး အစည်းအဝေးမှာ ဒု-သမ္မတ ဂျိုး ဘိုင်ဒန် (Joe Biden)၊ ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) နဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ ပါဝင်ဆွေးနွေးဖို့ ရှိပါတယ်။

သမ္မတ အိုဘားမား အနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်တပ်သား ဘယ်လောက်ချထားမယ် ဆိုတာကို ဒီသီတင်းပတ် နောက်ပိုင်း မတိုင်ခင် ကြေညာဖို့ မရှိဘူးလို့ သမ္မတ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG