သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း ဆမတ် ကွယ်လွန်


ထိုင်းဝန်ကြီးချုပ်ဟောင်း ဆမတ် ဆွန်ထရာေ၀ (Samak Sundaravej) ဟာ အသက် ၇၄ နှစ်အရွယ် တနင်္လာနေ့က ကွယ်လွန်သွားပါတယ်။ မစ္စတာဆမတ်ဟာ ၂၀၀၈ ခုနှစ်က ရုပ်မြင်သံကြား အချက်အပြုတ် အစီအစဉ်တခုမှာ ပါဝင်ခဲ့တာကြောင့် ၂၀၀၈ ခုနှစ်က ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

သူဟာ ဘမ်ရမ်ဂရတ်ဒ် (Bumrungrad) ဆေးရုံမှာ ကွယ်လွန်သွားတာဖြစ်ပြီး ဘာကြောင့် သေဆုံးရလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ သူဟာ အသည်းကင်ဆာနဲ့ ကွယ်လွန်သွားတာလို့ သတင်းတွေ ထွက်နေပါတယ်။

မစ္စတာဆမတ်ဟာ ဝန်ကြီးချုပ်ဟောင်း တပ်ဆင် ရှင်နဝပ် (Thaksin Shinawatra) ကို စစ်တပ်က ရာထူးဖြုတ်ချပြီး နောက်တနှစ် ၂၀၀၇ ဒီဇင်ဘာလမှာ ရွေးကောက်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ဝန်ကြီးချုပ်အဖြစ်နဲ့ အချိန်တိုကာလပဲ တာဝန်ယူခဲ့ရပါတယ်။ ဒီနောက်တော့ အချက်အပြုတ်ဆိုင်ရာ ရုပ်မြင်သံကြား အစီအစဉ်တခုမှာ အခကြေးငွေယူ ပါဝင်တယ်ဆိုပြီး ထိုင်းတရားရုံးချုပ်ကနေ သူ့ကို ရာထူးက ထွက်ဖို့ အမိန့်ချခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG