သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မဟာဗျူဟာ အိုဘားမား မကြာမီ ကြေညာမည်


အာဖဂန်နစ္စတန်နိုင်ငံမှာ လုပ်လက်စ လုပ်ငန်းတွေကို အဆုံးသတ်နိုင်ဖို့အတွက် စီစဉ်နေတယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောဆိုလိုက်ပြီး အာဖဂန်နစ္စတန်နိုင်ငံကို အမေရိကန်တပ်သား ပို့လွှတ်မယ့် အရေအတွက်ဆိုင်ရာ ဆုံးဖြတ်ချက်ကိုလည်း မကြာခင် ကြေညာမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီကြေညာချက်ကို ရှေ့သီတင်းပတ်ထဲမှာ ချမှတ်ဖို့ ရှိပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း (Manmohan Singh) နဲ့ သမ္မတ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာအိုဘားမားက အမေရိကန်နိုင်ငံရဲ့ မဟာဗျူဟာထဲမှာ အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေနဲ့ သူ့မဟာမိတ်တွေ ဒေသတွင်း မလှုပ်ရှားနိုင်အောင် ချမှတ်ထားပြီး ဒီအထဲမှာ အာဖဂန်နစ္စတန်နိုင်ငံ တည်ငြိမ်စေမှုဟာ အဓိကကျနေပါတယ်လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံသားတွေရဲ့ စစ်ပွဲနဲ့ ပတ်သက်တဲ့ ထောက်ခံမှုတွေ ကျဆင်းလာနေကြပေမဲ့ အမေရိကန်တပ်သားတွေ လုပ်ဆောင်ရမယ့် အချက်ကို သူရှင်းပြပြီးရင်တော့ သူ့လုပ်ရပ်ကို ထောက်ခံလာကြမယ်လို့လည်း ဆိုပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒအသစ်ကို ကြာသပတေးနေ့ အမေရိကန်နိုင်ငံရဲ့ အားလပ်ရက် နောက်ပိုင်းမှာမှ ကြေညာမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG