သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ မူးယစ်ဆေးတွေ ဖြန့်ဖြူးနေ


အာရှတိုက်ဟာ တရားမဝင် စိတ်ကြွ မူးယစ်ဆေး ဖောက်ကားမှု မြင့်မားလာနေလို့ အန္တရာယ် ကြီးလာနေပြီလို့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုခင်း ထိန်းချုပ်ရေး အေဂျင်စီက ကြာသပတေးနေ့မှာ အစီရင်ခံစာတစောင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုင်းရင်းသား အုပ်စုတွေက မူးယစ်ဆေး မှောင်ခို ရောင်းဝယ်ဖောက်ကားကာ ငွေရှာရပ်တည်နေကြတယ်၊ မြန်မာနိုင်ငံကလာတဲ့ မူးယစ်ဆေးတွေထဲ ဘိန်းပေါ်မှာ အခြေခံထားတဲ့ ဘိန်းဖြူလို မူးယစ်ဆေးမျိုး၊ ATS စိတ်ကြွဆေးလို မူးယစ်ဆေးမျိုး ပါဝင်တယ်၊ စသဖြင့် ကုလသမဂ္ဂ အေဂျင်စီ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ ကိုယ်စားလှယ်က ဘန်ကောက်မြို့မှာ သတင်းထောက်များအား အကျယ်တဝင့် ရှင်းလင်းပြောဆိုသွားပါတယ်။

နယ်စပ်ကျော်ဖြတ် မူးယစ်ဆေး မှောင်ခို ရောင်းဝယ်ဖောက်ကားမှု ကြီးထွားလာနေပြီလို့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုခင်း ထိန်းချုပ်ရေး အေဂျင်စီ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ ကိုယ်စားလှယ် ဂယ်ရီ လူးဝစ်စ်က ဘန်ကောက်မြို့မှာ သတင်းထောက်များအား ပြောကြားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG