သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟွန်ဒူးရပ်စ် သမ္မတရွေးကောက်ပွဲ စတင်


ဟွန်ဒူးရပ်စ်နိုင်ငံမှာ သမ္မတ မန်နျူရယ် ဇလေယာ (Manuel Zelaya) ကို ရာထူးကနေ ဖြုတ်ချခဲ့ပြီး ၅ လအကြာ ဒီကနေ့မှာ သမ္မတ ရွေးကောက်ပွဲတွေ ပြုလုပ်နေပါတယ်။

ဖြုတ်ချခံရတဲ့ သမ္မတ ဇလေယာရော၊ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ယာယီခေါင်းဆောင် ရောဘတ်တို မီချဲလက်တီ (Roberto Micheletti) ပါ ဒီရွေးကောက်ပွဲမှာ ဝင်မပြိုင်ပါဘူး။

အခု သမ္မတ ဝင်အရွေးခံသူတွေက လက်ရှိ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ အတိုက်အခံဘက်က ရှေးရိုးစွဲဝါဒီ ပေါ်ဖီရီရို ပက်ပီ လိုဘို (Por fi rio Pepe Lobo) က ရှေ့ပြေးနေတယ်လို့ လက်ခံကြပါတယ်။ သူနဲ့အတူ ယှဉ်ပြိုင်နေသူက လက်ရှိ အာဏာရ လစ်ဘရယ်ပါတီက အယ်လ်ဗင် ဆန်းတို့စ် (Elvin Santos) ဖြစ်ပါတယ်။

ဟွန်းဒူးရပ်စ်နိုင်ငံ မြို့တော်က ဘရာဇီးသံရုံးထဲမှာ နေထိုင်နေတဲ့ မစ္စတာ ဇလေယာကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဟွန်ဒူးရပ်စ်မှာ ရွေးကောက်ပွဲ ပြုလုပ်တာကို ကုလသမဂ္ဂအဖွဲ့၊ ကော့စတာ ရီကာနဲ့ ပီရူးနိုင်ငံတွေက ကြိုဆိုခဲ့ကြပေမဲ့ ဘရာဇီးနဲ့ အာဂျင်တီးနားတို့ကတော့ အာဏာသိမ်းခဲ့တာကိုက တရားမဝင်ဘူးလို့ ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG