သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာထူးက ထွက်သွားတဲ့ သီရိလင်္ကာဗိုလ်ချုပ် ရွေးကောက်ပွဲ ဝင်မည်


သီရိလင်္ကာနိုင်ငံမှာ ဇန်နဝါရီလ ၂၆ ရက်နေ့ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မဟင်ဒါ ရာဂျာ ပက်ခ်ဆာ (Mahinda Rajapaksa) ကို ယှဉ်ပြိုင် အရွေးခံမှာ ဖြစ်တယ်လို့ စစ်တပ် အကြီးအကဲဟောင်းက တရားဝင် ကြေညာလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး ဆာရက်သ် ဖွန်ဆက်ကာ (General Sarath Fonseka) က ကိုလံဘိုမြို့တော်မှာ တနင်္ဂနွေနေ့က သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ကြေညာချက် ထုတ်သွားတာ ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံမှာ စစ်တပ်နဲ့ တမီလ်ကျားသူပုန်တွေအကြား ၂၅ နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပွဲ အဆုံးသတ်သွားစေတဲ့ စစ်ဆင်ရေးတွေကို ဒီဗိုလ်ချုပ်ကြီးက ကြီးကြပ်ခဲ့တာ ဖြစ်ပါတယ်။ စစ်ပွဲ အဆုံးသတ်သွားပေမဲ့လည်း တိုင်းပြည်ကို ပုံမှန်အခြေအနေ ပြန်ရောက်အောင် မလုပ်နိုင်တာအတွက် သမ္မတဟာ အာဏာရှင်ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီးက ပြောကြားပြီး သမ္မတရဲ့ ခေါင်းဆောင်မှုကို တနင်္ဂနွေနေ့ကပဲ ဝေဖန်ပြောဆိုခဲ့ပါတယ်။

သီရိလင်္ကာ အစိုးရဟာ သမ္မတသက်တမ်း ၂ နှစ်မတိုင်ခင် ဇန်နဝါရီလ ၂၆ ရက်နေ့ကို ရွေးကောက်ပွဲ ကျင်းပဖို့ သောကြာနေ့ကပဲ သတ်မှတ်လိုက်ပါတယ်။ ဒီလာမယ့် ရွေးကောက်ပွဲရက်က သိပ်နီးနေပြီမို့ မဲဆွယ်ဖို့တောင် အချိန် သိပ်မကျန်တော့ပါဘူး။

သမ္မတဟာ သူ့ကို ဘေးချိတ်ထားခဲ့ပြီး အာဏာလုပ်ကြံဖို့ ကြံစည်တယ်လို့ မှားယွင်း သံသယဖြစ်တယ်လို့ ဆိုပြီး ဗိုလ်ချုပ်ကြီး ဖွန်ဆက်ကာက ရာထူးက နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG