သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိပိုင် ရေနံတင်သင်္ဘော ဆိုမားလီးယား ပင်လယ်ဓားပြတွေ သိမ်းပိုက်


ဆိုမားလီးယားကမ်းလွန်နဲ့ မိုင် ၇၀၀ နီးပါး အကွာမှာရှိတဲ့ ပင်လယ်ထဲမှာ သင်္ဘောသား ၂၈ ယောက်ပါတဲ့ ရေနံတင် သင်္ဘောတစင်းကို ဆိုမာလီ ပင်လယ်ဓားပြတွေ သိမ်းပိုက်ထားပါတယ်။

အိန္ဒိယ သမုဒ္ဒရာထဲက ဆီးရှဲလ်စ် (Seychelles) ကျွန်း အရှေ့မြောက်ပိုင်းမှာ ဂရိပိုင် မာရန် ဆန်တောရပ်စ် (Maran Centaurus) ရေနံတင်သင်္ဘောကို တနင်္ဂနွေနေ့က ပင်လယ်ဓားပြတွေ ဓားပြတိုက် သိမ်းယူခဲ့တယ်လို့ ရေကြောင်းဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ရေနံစည်ပေါင်း ၂,၀၀၀,၀၀၀ ကျော်ဆံ့တဲ့ ဒီသင်္ဘောဟာ အရှေ့အလယ်ပိုင်းကနေ အမေရိကန်ကိုအသွား ဓားပြတိုက်ခံရတာ ဖြစ်ပါတယ်။

သင်္ဘောသားတွေထဲမှာ ရိုမေးနီးယား ၁ ယောက်၊ ယူကရိန်း ၂ ယောက်၊ ဂရိ ၉ ယောက်နဲ့ ဖိလစ်ပိုင် ၁၆ ယောက် ပါတယ်လို့ ဥရောပသမဂ္ဂရဲ့ ပင်လယ်ဓားပြ တိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။

ရေနံအပြည့် ပါသွားတဲ့ သင်္ဘော ဓားပြတွေလက်ထဲ ရောက်သွားတာဟာ ပြန်ပေးသမားတွေအတွက် ပွပေါက်ပဲလို့ ကင်ညာနိုင်ငံ အခြေစိုက် အရှေ့အာဖရိက သင်္ဘောသားအရေး ကူညီရေး အစီအစဉ်က အန်ဒရူး မွမ်ဂူရာ (Andrew Mwangura) က ပြောပါတယ်။

ဒီသင်္ဘောသာ တခုခုဖြစ်ခဲ့မယ်ဆိုရင် လုံခြုံရေးနဲ့ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အန္တရာယ်တွေလည်း ရှိနေပါတယ်။

သင်္ဘောတွေ ဖြတ်သွားဖြတ်လာများတဲ့ ဆိုမားလီးယား ကမ်းလွန်ပင်လယ်ထဲမှာ ပင်လယ်ဓားပြရန်က ကာကွယ်နိုင်ဖို့ အတွက်လည်း EU၊ နေတိုး၊ အမေရိကန် စတဲ့အဖွဲ့တွေ၊ နိုင်ငံတွေက ရေတပ်သင်္ဘောတွေကို စေလွှတ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG