သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုဆိုင်ရာ စာချုပ်သစ် အကောင်အထည်ဖော်ရေး ဒေါ်လာ သန်း ၃၀,၀၀၀ လိုအပ်နေ


ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာ ညီလာခံ ကျင်းပဖို့ ရှိနေချိန်မှာပဲ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ဆက်စပ်နေတဲ့ ကာဗွန်ဓာတ်ငွေ့ ထုတ်လုပ်မှုတွေကို ထိန်းချုပ်ရေး ဆင်းရဲတဲ့ နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေကို ပံ့ပိုးသွားဖို့ ဒေါ်လာ သန်း ၃၀,၀၀၀ လိုအပ်မယ့်အကြောင်း ကုလသမဂ္ဂ ထိပ်တန်းအရာရှိတဦးက ပြောဆိုလိုက်ပါတယ်။

ရာသီဥတု ပြောင်းလဲမှု ကိစ္စတွေနဲ့ ပတ်သက်လို့ ဒီကနေ့ စတင် ဆွေးနွေးကြမယ့် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာ အကြီးအကဲ အီဗို ဒီ ဘိုးဝါး (Yvo de Boer) က ပြောဆိုလိုက်တာပါ။ အရေးပေါ် ရန်ပုံငွေတရပ်ကို ချမ်းသာတဲ့ နိုင်ငံတွေက ထည့်ဝင်ကြဖို့အတွက် ဥရောပသမဂ္ဂ (EU) က အတည်ပြုထားတဲ့ အဆိုပြုချက်ဟာ အရေးပေါ် လိုအပ်ချက်တရပ်အဖြစ် သူက ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သန့်ရှင်းတဲ့ စက်မှုလုပ်ငန်းတွေကို လုပ်ကိုင်သွားနိုင်ဖို့အတွက် ဆင်းရဲတဲ့ နိုင်ငံတွေကို ချမ်းသာတဲ့ နိုင်ငံတွေက ဘယ်အတိုင်းအတာအထိ ကူညီ ပံ့ပိုးသင့်သလဲ ဆိုတာနဲ့ ပတ်သက်လို့ ဘုံသဘောတူညီချက်တခု ရရေးအတွက် ညီလာခံမတိုင်မီ အကြိုဆွေးနွေး ပြောဆိုမှုတွေဟာတော့ အောင်မြင်မှု မရခဲ့ပါဘူး။

ချမ်းသာတဲ့ နိုင်ငံတွေ အနေနဲ့ ကာဗွန်ဓာတ်ငွေ့ လျှော့ချရေးမှာ အရင်က ကြေညာထားတာထက် ပိုပြီး လျှော့ချဖို့ လိုမယ်ဆိုပြီး ဖွံ့ဖြိုးဆဲ နိုင်ငံတွေက တောင်းဆိုနေကြတာပါ။

တောင်အာဖရိက နိုင်ငံကတော့ နိုင်ငံတကာက ကျယ်ပြန့်တဲ့ သဘောတူညီချက်တွေ ရမယ်၊ အကူအညီတွေလည်း ပေးမယ်ဆိုရင် ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့တွေကို သက္ကရာဇ် ၂၀၂၀ နောက်ဆုံးထားပြီး ၃၄%၊ ၂၀၂၅ ခုနှစ်မှာ ၄၂% လျှော့ချမယ်လို့ မနေ့တုန်းကပဲ ကမ်းလှမ်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG