သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘဲလ် ငြိမ်းချမ်းရေးဆု လက်ခံဖို့ သမ္မတ အိုဘားမား အော်စလိုသို့ ထွက်ခွာ


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ နိုဘဲလ် ငြိမ်းချမ်းရေးဆုကို လက်ခံရယူဖို့ မနေ့က နော်ဝေးနိုင်ငံကို ထွက်ခွာခဲ့ပါတယ်။ ဒီကနေ့ ကျင်းပမယ့် ဆုပေးပွဲ အခမ်းအနားမှာ သမ္မတ အိုဘားမားက စစ်ပွဲတွေနဲ့ ရင်ဆိုင်နေရတဲ့ သမ္မတ တဦးအဖြစ် သူ့ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

နိုဘဲလ် ငြိမ်းချမ်းရေးဆုကို ရပြီးတဲ့နောက် အာဖဂန်နစ္စတန်ကို နောက်ထပ် စစ်သား ၃၀,၀၀၀ ပို့ဖို့ ကြေညာခဲ့တာဟာ လိုက်လျောညီထွေမှု မရှိသလို ဖြစ်နေမယ် ဆိုတာကို သမ္မတ အိုဘားမားက အသိအမှတ်ပြုကြောင်း အိမ်ဖြူတော် ပြောခွင့်ရသူ ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က ပြောပါတယ်။

ဒါပေမဲ့ သူ့အစိုးရ အနေနဲ့ ကမ္ဘာကြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ကမ္ဘာ့နိုင်ငံတွေနဲ့ ပိုပြီး ထိတွေ့ဆက်ဆံလာတဲ့ အပေါ်မှာတော့ သမ္မတ အိုဘားမားက ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။

ဒီကနေ့ အော်စလိုမြို့တော်က သမ္မတ အိုဘားမား တည်းခိုမယ့် ဟိုတယ်ရှေ့မှာ ထောင်နဲ့ချီတဲ့ စစ်ဆန့်ကျင်သူတွေ စုဝေးပြီး အာဖဂန်နစ္စတန်စစ်ပွဲ အဆုံးသတ်ရေးအတွက် တောင်းဆို ဆန္ဒပြကြလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့်မို့လည်း အော်စလိုမြို့တော်မှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG