သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဈေးကွက်နဲ့ အရည်အသွေးနိမ့် တရုတ် ထုတ်ကုန်များ


စက်မူမဖွံ့ဖြိုးသေးတဲ့ မြန်မာနိုင်ငံမှာ လူအများစုဟာ အခြေခံလူသုံးကုန် ပစ္စည်းတွေအတွက် တရုတ်ပြည်က ကုန်ကျစရိတ် ပေါပေါနဲ့ ထုတ်လုပ်ရောင်းချနေတဲ့ စံချိန်မမှီ အရည်အသွေးနိမ့် ပစ္စည်းတွေကိုပဲ အားကိုးနေကြရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် ကြိုးပမ်းနေရာမှာ ဒီလို ဈေးပေါပေါနဲ့ တင်သွင်းနေတဲ့ ပစ္စည်းတွေကို ပိတ်ပင်ပြီး ပြည်တွင်းဖြစ်တွေကို အစားထိုး နေရာယူ နိုင်အောင် ကြိုးစားနေတာ တွေ့မြင်ရကြောင်း။ ဒါပေမယ့်လည်း ဒီနည်းလမ်းဟာ အကောင်းဆုံး နည်းလမ်း မဟုတ်ဘူးဆိုတာ နားလည် သင့်တဲ့အကြောင်း မြန်မာ့စီးပွားရေး ပညာရှင်တယောက်က ပြောဆိုလိုက်ပါတယ်။ မြန်မာ့စီးပွားရေးမှာ တရုတ်နိုင်ငံလုပ် ထုတ်ကုန်တွေ လွမ်းမိုးနေပြီး (၂) နိုင်ငံ ကုန်သွယ်မှုမှာလည်း မညီမျှမှုတွေ ရှိနေတဲ့အကြောင်း မညိုညိုလွင်က တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG