သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား လက်နက်တင် လေယာဉ်အမှုထမ်းတွေ ထိုင်းတရားရုံး အာမခံ မပေး


မြောက်ကိုရီးယားက လက်နက်များ တင်ဆောင်လာတဲ့ ကုန်တင်လေယာဉ်ရဲ့ ဝန်ထမ်း ၅ ယောက်ကို အာမခံပေးဖို့ ထိုင်းတရားရုံးက ငြင်းပယ်လိုက်ပါတယ်။ ဘယ်လာရုစ်က ၁ ယောက်၊ ကာဇက်စတန်က ၄ ယောက်တို့ တရားမဝင် လက်နက်များ ပိုင်ဆိုင်မှုနဲ့ စွဲချက်တင်ထားပြီး ဆက်လက် စုံစမ်းစစ်ဆေးနေစဉ် သူတို့ကို ၁၂ ရက် ချုပ်နှောင်ထားဖို့ တနင်္လာနေ့မှာ ထိုင်းတရားရုံးက စီရင်ချက် ချလိုက်တာ ဖြစ်ပါတယ်။

အာမခံပေးလိုက်ရင် သူတို့ ထွက်ပြေးသွားမှာစိုးလို့ မပေးတာ ဖြစ်တယ်လို့ ထိုင်းရဲက ရှင်းပြပါတယ်။

မြောက်ကိုရီးယားက လက်နက်တွေ တင်လာတဲ့အထဲမှာ လက်ပစ်ဗုံး ထည့်ပြီး ပစ်လို့ရတဲ့ ရော့ကက်တွေ၊ ဒုံးလက်နက်တွေ ၃၅ တန် တင်လာကြောင်း ဝါရှင်တန်က ကြိုတင် သတိပေးလို့ ရဲက ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ မီဒီယာက ဖော်ပြပါတယ်။

လေယာဉ်ဝန်ထမ်းတွေကတော့ ရေနံတူး ကိရိယာတွေ တင်လာတယ်လို့သာ သူတို့ သိထားကြကြောင်း ပြောဆိုပါတယ်။

ထိုင်းရဲ့လုပ်ရပ်ဟာ ပြတ်သားတယ်၊ မြောက်ကိုရီးယားအပေါ် နိုင်ငံတကာရဲ့ ဒဏ်ခတ် အရေးယူမှု အလုပ်ဖြစ်နိုင်တယ် စသဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ချီးကျူးလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG