သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥတုရာသီ ညီလာခံကို တကမ္ဘာလုံးက စောင့်ကြည့်နေ


၁၉၂ နိုင်ငံကြား ကမ္ဘာကြီး ပူနွေးမှုနဲ့ ပတ်သက်ပြီး တရက်ပဲ အချိန်ကျန်တော့တာမို့ သဘောတူညီချက် ရပါ့မလားဆိုတာ တကမ္ဘာလုံးက ကိုပင်ဟေဂင် ညီလာခံကို စောင့်ကြည့်နေကြပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောဆိုပါတယ်။

ရာသီဥတု ပြောင်းလဲမှု ညီလာခံဟာ သိမ်မွေ့ အရှုပ်ထွေးဆုံး တွေးတောလို့မရတဲ့ အခက်အခဲ လုပ်ငန်းစဉ်တွေ ပါရှိနေတယ်လို့ ကြာသပတေးနေ့က သတင်းထောက်များအား မစ္စတာဘန်က သတိပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးများနဲ့ ကမ္ဘာ့ခေါင်းဆောင်များ ဆင်ခြင်တုံတရား ထားကြပါ၊ အလျှော့အတင်း လုပ်ကြပါ၊ သတ္တိမွေးကြပါ၊ သဘောတူညီချက် ရရှိနိုင်တယ်လို့ မိမိအနေနဲ့ ယုံကြည်ဆဲပါပဲလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်း ပြောဆိုပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) သောကြာနေ့မှာ တခြားခေါင်းဆောင် ၁၀၀ ကျော်နဲ့ ကိုပင်ဟေဂင်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်စေတယ်လို့ သိပ္ပံပညာရှင်များက ဆိုထားတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှု လျှော့ချရေး စာချုပ် လက်မှတ်ရေးထိုးနိုင်ကြမယ်လို့ သူတို့က မျှော်လင့်နေကြပါတယ်။

အချိန်လည်း သိပ်မရှိတော့လို့ သမ္မတ အိုဘားမားက မကောင်းတဲ့ သဘောတူညီချက် ရတာထက် ကိုပင်ဟေဂင် ညီလာခံ သဘောတူညီချက် မရဘဲ အဆုံးသတ်သွားတာကို ပိုမိုလိုလားတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG