သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖာပွန်မြို့ ဗုံးပေါက်ကွဲမှု ၆ ဦးသေဆုံး


မြန်မာနိုင်ငံရဲ့ မငြိမ်မသက် ဖြစ်လေ့ရှိတဲ့ ကရင်ပြည်နယ်မှာ ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပနေချိန် ဗုံးပေါက်ကွဲလို့ လူ ၆ ယောက်ထက်မနည်း သေဆုံးပြီး တခြား ၁၀ ယောက် ဒဏ်ရာရသွားပါတယ်။

ဗုဒ္ဓဟူးနေ့က ကရင်ပြည်နယ် ဖာပွန်မြို့မှာ ရိုးရာ ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပနေစဉ် ဗုံးပေါက်ကွဲတာလို့ ဆိုပါတယ်။

ပွဲတော်လာရောက်ကြသူများအတွက် စားသောက်စရာများ၊ ကလေးကစားစရာများ၊ အဝတ်အထည်များ ရောင်းချတဲ့ ဆိုင်များရှိရာ ဈေးအတွင်း လူစည်ကားနေတဲ့အချိန် ပေါက်ကွဲတာလို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းအေဂျင်စီက ဖော်ပြပါတယ်။

ဘယ်သူ တဦးတယောက်က ဗုံးဖောက်ခွဲတယ်ဆိုတာ ချက်ချင်း မသိရသေးပါဘူး။

ထိုင်းနိုင်ငံနဲ့ နယ်နိမိတ် ဆက်စပ်နေတဲ့ မြန်မာနိုင်ငံ တောင်ပိုင်း ကရင်ပြည်နယ်မှာ ဆူပူမှုတွေ ဖြစ်ပွားနေပြီး လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကလည်း စစ်တပ်အုပ်စိုးတဲ့ မြန်မာအစိုးရကို တိုက်ခိုက်နေလို့ မငြိမ်မသက် ဖြစ်နေတာ ဆယ်စုနှစ်များစွာ ကြာနေပါပြီ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG