သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညီညီအောင်ကို လွှတ်ပေးဖို့ အမေရိကန် လွှတ်တော်အမတ် ၅၀ ကျော်တောင်းဆို


အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခေါ်) ကိုကျော်ဇောလွင်, ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အမေရိကန်လွှတ်တော်အမတ် (၅၃) ယောက်တို့က ဒီဇင်ဘာလ (၁၈) ရက်နေ့စွဲနဲ့ မြန်မာစစ်အစိုးရကို စာရေးသား တောင်းဆိုလိုက်ပါတယ်။ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ရှေ့ဆက်တိုးတက်သွားနိုင်ဖို့ရာ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမယ်လို့လည်း ကွန်ဂရက်လွှတ်တော်အဖွဲ့ဝင်တွေက တောင်းဆိုထားပါတယ်။ အမေရိကန်အောက်လွှတ်တော် (House of Representatives) နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ (House Foreign Affairs Committee) ဒီမိုကရက်တစ် လွှတ်တော်အမတ် Howard Berman Tom Lantos လူ့အခွင့်အရေးကော်မရှင်ရဲ့ ပူးတွဲဥက္ကဋ္ဌ ရီပတ်ဘလီကန် လွှတ်တော်အမတ် Frank Wolf တို့ဦးဆောင်ပြီး အဓိကပါတီကြီးနှစ်ရပ်စလုံးရဲ့ လွှတ်တော်အမတ်တွေက စာရေးသား တောင်းဆိုလိုက်ကြတာပါ။ အဲဒီစာကို အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံရုံးက သံရုံးယာယီတာဝန်ခံ ဦးမြင့်လွင်ကနေတဆင့် မြန်မာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ပေးပို့ထားပါတယ်။ အကြောင်းစုံကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG