သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဖြစ်မနေလိုက်နာရန်မလိုသည့် သဘောတူညီမှု ကိုပင်ဟေဂင် ညီလာခံမှာရရှိ


နိုင်ငံပေါင်း ၁၉၃ နိုင်ငံ တက်ရောက်နေကြတဲ့ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် မြို့က ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ညီလာခံက ပြီးခဲ့တဲ့သောကြာနေ့မနက်က အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ အိန္ဒိယ၊ တောင်အာဖရိက နဲ့ ဘရားဇီးနိုင်ငံ ခေါင်းဆောင်တွေရဲ့ အစည်းအဝေးတခုမှာ ရရှိခဲ့ကြတဲ့ သဘောတူညီချက် တရပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ကြေညာလိုက်ပါတယ်။

မဖြစ်မနေ လိုက်နာရန် မလိုအပ်တဲ့ သဘောတူညီချက် ရရှိရေးအတွက် သောကြာနေ့က ကြိုးပမ်းခဲ့ကြမှုဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတချို့ရဲ့ အပြင်းအထန် ကန့်ကွက်မှုတွေကြောင့် ညီလာခံမှာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရပါတယ်။ အခုရရှိတဲ့ သဘောတူညီချက် ဟာ ချက်ချင်းလက်ငင်း အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့အတွက် လုံလောက်မှုရှိတယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆိုပါတယ်။

ဒီသဘောတူညီချက်ထဲမှာ ဖန်လုံအိမ်ဓါတ်ငွေ့ လျှော့ချခြင်းကို စစ်ဆေးတဲ့နည်းလမ်းတရပ် အပြင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကာဗွန်ဓါတ်ငွေ့ ထုတ်လုပ်မှု လျှော့ချရေးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း တသိန်း ထောက်ပံ့ဖို့လည်း ပါဝင်ပါ တယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ညီလာခံ ကိုယ်စားလှယ်တွေကလည်း အခု သဘောတူညီချက်ဟာ ပြည့်စုံမှု မရှိဘူးဆိုတာကို လက်ခံကြပါတယ်။ ဒီသဘောတူညီချက်တွေမှာ ခံစားမှုတွေ ရောထွေးနေကြတယ်လို့ ဂျာမန် ဝန်ကြီးချုပ် အိန်ဂျလာ မာခဲလ် က ပြောဆိုခဲ့ပြီးတော့ အမေရိကန်သမ္မတ ဘားရက်အိုဘားမား ကလည်း ရှေ့ဆက် လုပ်ရမှာတွေ အများကြီး ရှိသေးတယ်လို့ ညီလာခံမှာ ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG