သုံးရလွယ်ကူစေသည့် Link များ

ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်း အထက်လွှတ်တော်မှာ ကြာသပတေးနေ့ မဲခွဲမည်


အမေရိကန် ပြည်ထောင်စုရဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး ဥပဒေပြု ပြဋ္ဌာန်းနိုင်ဖို့အတွက် ခရစ္စမတ် အကြိုနေ့ အထက်လွှတ်တော်မှာ မဲခွဲဖို့ စီစဉ်ထားပါတယ်။ ကြာသပတေးနေ့ ဒေသစံတော်ချိန် မနက် ၈ နာရီမှာ မဲပေးကြမှာ ဖြစ်တယ်လို့ အထက်လွှတ်တော် အမတ်တွေက ကြေညာလိုက်ပါတယ်။

အထက်လွှတ်တော် အမတ်တွေနဲ့ သူတို့ရဲ့ ၀န်ထမ်းတွေ ခရစ္စမတ်နေ့အမီ အိမ်ပြန်နိုင်ကြအောင် မနက်ပိုင်းမှာ မဲပေးကြဖို့ စီစဉ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အထက်လွှတ်တော် လူများစု ဒီမိုကရက် အမတ်တွေနဲ့ မဟာမိတ် တသီးပုဂ္ဂလ အမတ်တွေက ဥပဒေပြုနိုင်ရေး အချေအတင် ပြောဆိုဖို့ မလိုဘဲ ပြီးပြတ်နိုင်တဲ့ မဲအရေအတွက် ၆၀ ကို ရရှိထားပြီး ဖြစ်ပါတယ်။ ဥပဒေကြမ်းမှာ ပြင်ဆင်ချက်တွေကိုလည်း အတည်ပြုချက် ရရှိထားပြီး ဖြစ်ပါတယ်။

သမ္မတ အိုဘားမားက ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး ကိစ္စကို ပြည်တွင်းမှာ ထိပ်ဆုံးက ဦးစားပေး ကြိုးစားနေခဲ့တာ အောင်မြင်လုနီးပါး ဖြစ်နေပါပြီ။

ရီပတ်ဘလီကန် အထက်လွှတ်တော် အမတ်တွေကတော့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး ဥပဒေဟာ စရိတ်စက ကြီးလှတယ်လို့ ငြင်းခုံနေကြဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG