သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Dr. Stiglitz ရဲ့ စီးပွားရေးအကြံပြုချက်အပေါ်


မကြာသေးခင်က မြန်မာနိုင်ငံကို ကမ္ဘာကျော် စီးပွားရေး ဘောဂဗေဒပညာရှင် နိုဘယ်စီးပွားရေးဆုရှင်ကြီး Dr. Joseph Stiglitz က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာများ (မြန်မာပြည်ကို အာရှစပါးကျီ ပြန်ဖြစ်အောင်) ကို အကြံပြုပြောဆို ဆွေးနွေးခဲ့ပါတယ်။ တနည်းအားဖြင့် မြန်မာစစ်အစိုးရကို အကြံပေးပြောဆိုတဲ့ သဘောလို့ ဆိုနိုင်ပါ တယ်။ ဒီနေရာမှာ နိုဘယ်ဆုရှင် စီးပွားရေးဘောဂဗေဒ ပါမောက္ခကြီး Stiglitz ရဲ့ အဓိက အကြံပေးချက်တွေက ဘာတွေ ဆိုတာကို မြန်မာနိုင်ငံအတွင်း နေထိုင်နေကြတဲ့ မြန်မာ့စီးပွားရေး ဘောဂဗေဒပညာရှင် ဦးစောမြင့်မောင် နဲ့ စီးပွားရေး သမား တဦးဖြစ်တဲ့ ဦးစိန်ဝင်း တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပါမောက္ခ Stiglitz ရဲ့ စစ်အစိုးရကို အဓိကအကြံပေး ပြောဆိုချက်တွေက ဘာလဲ။

ဦးစောမြင့်မောင် ။ ။ ပါမောက္ခ Stiglitz လာတဲ့ကိစ္စမှာ သက်ဆိုင်ရာဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေနဲ့သာ တွေ့ဆုံဆွေးနွေးတာ ကျနော်တို့တဆင့်ကြားရတာ။ အဓိက သူပြောသွားတာက လယ်ယာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်ကို ဘာတွေများ လုပ်ပေးသင့်တယ်ဆိုတာကို အကြံပေးသွားတဲ့ သဘောပါ။ ဦးတည်ပြီး ပြောသွားတာကတော့ နာဂစ် ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဧရာဝတီတိုင်းကို ဦးတည်ပြောသွားတာရှိတယ်။

ဦးကျော်ဇံသာ ။ ။ ဘာတွေလုပ်ရမလဲလို့ ပြောသွားသလဲ။

ဦးစောမြင့်မောင် ။ ။ အရင်ဆုံး သူက ဘာကစပြောသွားသလဲဆိုတော့ အရင်းအနှီးပေါ့။ ငွေချေးဖို့ကို စပြောတယ်။ ဒီ credit လယ်ယာလုပ်ငန်းတွေကို ပံ့ပိုးတဲ့နေရာမှာ ထိထိရောက်ရောက်နဲ့ ပံ့ပိုးနိုင်ဖို့။ နောက်တခုက မြေယာဖော်ထုတ်ဖို့ မြေယာထိန်းသိမ်းဖို့ (Land Reform) ကိစ္စလည်း ပြောဆိုသွားတယ်။ ပြောသွားတဲ့နေရာမှာ မြန်မာနိုင်ငံရဲ့ လယ်ယာလုပ်ငန်းတွေက အဓိကအားဖြင့် small scale farmer ခေါ် လယ် လုပ်ကွက် ခပ်ကျဉ်းကျဉ်းနဲ့ လုပ်နိုင်တဲ့ လယ်သမားတွေဟာ အကျိုးအမြတ် အများဆုံးဖြစ်တယ်ဆိုတာ ထောက်ပြ ပြောဆို တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အတွက် input လို့ ခေါ်တဲ့ သွင်းအားစု ခေါ် မျိုးစေ့တို့၊ ဓါတ်မြေသြဇာတို့ စတဲ့ဟာတွေ အတွက်လည်း ပိုင်ရှင်လယ်သမားဟာ လက်လှမ်းမှီတာဖြစ်တယ်။ နောက်တခု လုပ်အားအနေနဲ့လည်း နိုင်နိုင်နင်းနင်း လုပ်နိုင်တာ ရှိတယ်။ ကုန်ကျစရိတ်လည်း သက်သက်သာသာနဲ့ လုပ်နိုင်တဲ့သဘောရှိတယ် ဆိုတာတွေကို အသေးစိတ် ထောက်ပြသွားတယ်လို့ သိရပါတယ်။ နောက်တခုက ဒါက အခုနပြောတဲ့ မြေယာကိစ္စ။ နောက်တခုကတော့ ထွက်လာတဲ့သီးနှံတွေ ရောင်းဝယ်မှုနဲ့ ပတ်သက်လို့ ပြောသွားတာကို သိရှိရတယ်။ အဲဒါကတော့ အဓိကအားဖြင့် ဆန်စပါးဈေးနှုန်း။ ရောင်းတဲ့ အခါမှာ ဆန်စပါးဈေးနှုန်း သိပ်မြင့်နေရင် စားသုံးသူတွေအပေါ်မှာ သွားပြီးတော့ ထိခိုက်နိုင်တယ်။ တဘက်က ဈေးနှုန်းက နိမ့်နေရင် လယ်သမားတွေကို ထိခိုက်နိုင်တယ်။ အဲဒီတော့ ဈေးနှုန်းကို သိပ်မမြင့် သိပ်မနိမ့် မဖြစ်အောင် ထိန်းသိမ်း ပေးဖို့လိုတယ်ဆိုတာလေးတွေ ပြောသွားခဲ့တယ်။



မြေယာဖော်ထုတ်ဖို့ စီးပွားရေးပြန်လည် ထူထောင်ရေးတခုတည်းတော့ မဟုတ်ဘူးပေါ့။ နာဂစ်က ဧရာဝတီတတိုင်းလုံးကို ထိတာကို။ ဧရာဝတီတိုင်းဆိုတာ တကယ်တမ်းတော့ စိုက်ပျိုးရေးမှာ ဗမာနိုင်ငံရဲ့ အချက်အခြာကြတဲ့ နေရာဖြစ်တယ်။ ဆိုတော့ ဗမာနိုင်ငံရေး စိုက်ပျိုးရေး၊ လယ်ယာစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို ဘာတွေများ လုပ်သင့်သလဲဆိုတဲ့ဟာကို ပါမောက္ခ Stiglitz က အကြံပေးသွားတဲ့ သဘောပါ။ သူက ဦးတည်ပြီးတော့ ပြောသွားတာကတော့ နာဂစ်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဧရာဝတီတိုင်းကို ဦးတည်ပြောသွားတဲ့ သဘောရှိတာပေါ့။ ဧရာဝတီတိုင်းကို ပြောတယ်ဆိုတော့ အချက်အချာကျတဲ့ လယ်ယာစီးပွားရေးကို အဓိကထားပြောတဲ့ အဓိပ္ပါယ်ပါပဲ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဘာတွေ အဓိက လုပ်ရမလဲလို့ သူ ပြောသလဲ။

ဦးစောမြင့်မောင် ။ ။ သူကတော့ အကြမ်းဖျင်းပေါ့ (ကျနော်ကြားသလောက် ပြောရမယ်ဆိုရင်)။ လယ်ယာစီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့အတွက်ဆိုရင် လုပ်သင့်လုပ်ထိုက်တဲ့အရာတွေ။ အရင်ဆုံးပြောတာက အရင်းအနှီး - ငွေချေးငှားဖို့ (credit) ကို စပြောတယ်။ လယ်ယာလုပ်ငန်းတွေအတွက် ချေးငွေတွေကို ပံ့ပိုးတဲ့နေရာမှာ ထိထိရောက်ရောက်နဲ့ ပံ့ပိုးနိုင်ဖို့တွေပါ ထည့် ပြောသွားတယ်။ နောက်တချက်က မြေယာဖော်ထုတ်ဖို့ မြေယာထိန်းသိမ်းဖို့ (Land Reform) ကိစ္စလည်း ပြောဆိုသွား တယ်။ ပြောသွားတဲ့နေရာမှာ မြန်မာနိုင်ငံရဲ့ လယ်ယာလုပ်ငန်းတွေက အဓိကအားဖြင့် small scale farmer ခေါ် လယ် လုပ်ကွက် ခပ်ကျဉ်းကျဉ်းနဲ့ လုပ်နိုင်တဲ့ လယ်သမားတွေဟာ အကျိုးအမြတ် အများဆုံးဖြစ်တယ်ဆိုတာ ထောက်ပြ ပြောဆို တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အတွက် input လို့ ခေါ်တဲ့ သွင်းအားစု ခေါ် မျိုးစေ့တို့၊ ဓါတ်မြေသြဇာတို့ စတာတွေ အတွက်လည်း ပိုင်ရှင်လယ်သမားဟာ လက်လှမ်းမီတာဖြစ်တယ်။ နောက်ပြီး လုပ်အားအနေနဲ့လည်း နိုင်နိုင်နင်းနင်း လုပ်နိုင်တာ ရှိတယ်။ ကုန်ကျစရိတ်လည်း သက်သက်သာသာနဲ့ လုပ်နိုင်တဲ့သဘောရှိတယ် ဆိုတာတွေကို အသေးစိတ် ထောက်ပြသွားတယ်လို့ သိရပါတယ်။ ဒါက အခုနပြောတဲ့ မြေယာကိစ္စ။ နောက်တခုကတော့ ထွက်လာတဲ့သီးနှံတွေ ရောင်းဝယ်မှုနဲ့ ပတ်သက်လို့ ပြောသွားတာကို သိရှိရတယ်။ အဲဒါကတော့ အဓိကအားဖြင့် ဆန်စပါးဈေးနှုန်း။ ရောင်းတဲ့ အခါမှာ ဆန်စပါးဈေးနှုန်း သိပ်မြင့်နေရင် စားသုံးသူတွေအပေါ်မှာ သွားပြီးတော့ ထိခိုက်နိုင်တယ်။ တဘက်က ဈေးနှုန်းက နိမ့်နေရင် လယ်သမားတွေကို ထိခိုက်နိုင်တယ်။ အဲဒီတော့ ဈေးနှုန်းကို သိပ်မမြင့် သိပ်မနိမ့် မဖြစ်အောင် ထိန်းသိမ်း ပေးဖို့လိုတယ်ဆိုတာလေးတွေ ပြောသွားခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဆရာအမြင်က ပါမောက္ခ Stiglitz ရဲ့ အကြံပေးချက်တွေဟာ မြန်မာနိုင်ငံမှာ လယ်ယာစီးပွားရေး ဦးမော့လာဖို့အတွက် တကယ်လိုအပ်တဲ့ အကြံပြုချက်တွေလို့ ယူဆပါသလား။

ဦးစောမြင့်မောင် ။ ။ မှန်ပါတယ်။ ကျနော်တို့ နိုင်ငံက လယ်ယာစီးပွားရေးကို အခြေပြုနိုင်ငံဖြစ်တာကြောင့် လယ်ယာကဏ္ဍ မှာက ပါမောက္ခ Stiglitz ပြောသွားတဲ့ဟာလေးတွေကို သေသေချာချာ အသုံးချနိုင်မယ်ဆိုလို့ရှိရင် လယ်ယာကဏ္ဍက တိုးတက်လာမှာ သေချာသလို။ လယ်ယာကဏ္ဍတိုးတက်လာတာနဲ့ တခြားစီးပွားရေးတွေလည်း တိုးတက်လာနိုင်တယ်။ တဆက်တည်း ဆက်စပ်နေတော့ ဖြစ်လာနို်င်တယ်လို့ ယုံကြည်ပါတယ်။ ဒါကလည်း စီးပွားရေးသဘောတရားအရတော့ ဖြစ်နိုင်တဲ့အရာတွေပါပဲ။ နောက် ဒီအထဲမှာ သူပြောသွားတာကတော့ နောက်တချက်သတိပေးသွားတာက Exchange Rate ငွေလှဲလှယ်နှုန်းက မညီမမျှဖြစ်နေရင် ရောင်းဝယ်ဖောက်ကားတဲ့နေရာတွေမှာ inflation ဘက်ကို သွားနို်င်တယ်။ ဒါတွေကို ကြိုတင်ကာကွယ်ပြီး ငွေလှဲလှယ်နှုန်းကလည်း တသမတ်တည်းဖြစ်ဖို့ လိုအပ်တယ်လို့ ထည့်သွင်း ပြောဆိုသွား တယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးစိန်ဝင်း အနေနဲ့ ပါမောက္ခ Stiglitz ပေးတဲ့အကြံပြုချက်တွေအတိုင်း လိုက်နာနိုင်ရင် တိုင်းပြည် အတွက် ကောင်းတယ်၊ လယ်ယာစီးပွားရေး ဦးမော့လာမယ်လို့လည်း ဆရာဦးစောမြင့်မောင် က သုံးသပ်ပါတယ်။ အခု သူပြောတဲ့အချက်တွေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေက ဘယ်လောက်ကွာဟ နေပါသလဲ။

ဦးစိန်ဝင်း ။ ။ ပါမောက္ခ Stiglitz ပြောသွားတဲ့အထဲမှာ ကျနော်တို့ဆီမှာက တဖြည်းဖြည်းနဲ့ လယ်သမားက လုပ်ရင်းကိုင်ရင်းနဲ့ လယ်ပျောက် ဖြစ်နေတာ။ ယာပြုတ်လယ်ပြုတ်နဲ့ အဲဒီလိုဘဝက အမှန်ပါပဲ။ အဲဒါကို ချေးငွေနဲ့ ကျားကန်ဖို့ဆိုတာကို သူကပြောတာ။ နောက်တမျိုးက ဆက်စပ်သီးနှံက ကျနော်တို့ဆီမှာ ဆန်စပါးတင်မဟုတ်ဘူး။ ဥပမာ ပဲမျိုးစုံ၊ ငရုတ်မျီုးစုံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြံ စတဲ့ သီးနှံတွေအားလုံးရဲ့ ပေါ်လစီကိုလည်း တညီတညွှတ်တည်း လုပ်ထားဖို့ သူက ပြောတာ။ ဥပမာ သူပြောတဲ့ထဲမှာ ပါသလိုပဲ တချို့ဟာတွေက ဖွင့်ထားလို့ရှိရင် ဆန်စပါးကို နိုင်ငံခြားကို တောက်လျှောက်ပို့ခွင့်ပေးထားလို့ရှိရင် သိပ်မြင့်တဲ့အခါကြရင် စားသုံးသူ ထိခိုက်နိုင်တယ်။ အဲဒီအခါကျရင် နည်းနည်း ထိန်းဖို့။ ဒါပေမဲ့ အမြဲ ဒီပေါ်လစီကို ဖွင့်ထားရမယ်။ လိုအပ်တဲ့အချိန်မှာ နည်းနည်း control လုပ်ဆိုပြီး သွားခိုင်းတာ အကြံ ပေးချက်တခုပါ။ ဒီအကြံပေးချက်ကတော့ ဗမာပြည်မှာတော့ ဆည်မြောင်းကန်ချောင်းတွေ dam တွေဆောက်ပြီးတော့ ရေတွေရအောင် မြန်မာမြေနဲ့ ရေထိရင် စိုက်ပျိုးရေးထွက်ရမယ်ဆိုတဲ့ နိုင်ငံတော်အပိုင်းက လုပ်ပေးထားတာတွေကတော့ ဂုဏ်ယူလောက်အောင်အပိုင်းပေါ့။ ဆန်းစပါးတွေ အထွက်တိုးလာမယ်။ ဒါတွေက အမှန်ပဲ ဒါပေမဲ့ ပုဂ္ဂလိကအပိုင်းမှာ ဒီအမှားအယွင်းတွေက အများကြီး ရှိနေတာ။ ဥပမာလေးတခုပြောမယ် ဆက်စပ်သီးနှံဆိုတဲ့နေရာမှာ ကြက်သွန်နီ ၁၉၈၈ က ဖွင့်ထားခဲ့တဲ့ ကြက်သွန်နီကို ၂၀၀၁ ရောက်တော့ ပိတ်လိုက်တယ်။ အဲဒီအချိန်ကနေ ပိတ်လိုက်တာ တောက်လျှောက်လုပ်လာတာ အခုဆို ကြက်သွန်နီကို ဝယ်တင်သွင်းရတယ်။ အဲဒီလို တောက်လျှောက်ပိတ်ထားတာ မမှန်ဘူး။ အကုန်လုံး ဒီလိုဘဲ ကြံ၊ သိကြား အမြဲတမ်း ပိတ်ထားတာ ပြီးခဲ့တဲ့နှစ်ကမှ ဘယ်မှမရောင်းရမှ ဖွင့်ပေးတာ။ ဒါမျိုးက မဖြစ်သင့်ဘူး။ အမြဲတမ်း နိင်ငံတကာ ဈေးကွက်ကို ဖွင့်ထားရမယ်။ နောက်တခုက ပြည်သူလူထု ထိခိုက်နိုင်တဲ့ အခြေအနေမှာ နည်းနည်းထိန်းထားရမယ်။ ဒီပေါ်လစီကို ကျနော်တို့ ကျင့်သုံးသင့်တာ ကြာပြီ။ နောက်တခုက ဒီလူကြီးတွေက ကောင်းတယ်။ မှန်တယ် လူကြီးတွေ ခေါင်းဆောင်တွေ သူတို့လုပ်တာတွေက ဝန်ကြီးနားကပ်ပြီး တခါတရံ တလွှဲ ကိုယ်ရည်ရွယ်ချက်နဲ့ကိုယ် တလွှဲအကြံပေးတာ။ ကျနော်ကလည်း အဲဒီလိုမြင်တယ်။ အခု ဆိုကြပါစို့ဗျာ ဆန်စပါးတင်ပို့ခွင့် ထောက်ခံချက်တွေ အမျိုးမျိုးတောင်းနေတာ။ ဘယ်မြို့နယ်မှာ ကြိတ်ခဲ့သလဲ ဆန်ကုန်သည်ကြီးများ ထောက်ခံချက်၊ ဆန်စက်များအသင်းရဲ့ ထောက်ခံချက်၊ သယ်ယူပို့ဆောင်တဲ့ ကားအသင်းများရဲ့ ထောက်ခံချက်။ အဲဒါတွေက ဘာတုန်းဆိုတော့ ဘာမှမဟုတ်ဘဲနဲ့ ကြားထဲက ဆန်စက်ချင်း စည်းတွေပျက်အောင် လုပ်သလိုပဲ ဖြစ်နေတာ။ တခါတရံ ငွေများများရင်းတဲ့ကောင်တွေက ဒီကောင်တွေ မပို့နိုင်ဘူးကွာ မပို့နိုင်ရင် ဆန်ဈေးကျ၊ ဆန်ဈေးကျမှ ငါ ဝယ်မလားဆိုတဲ့ စိတ်ကူးများ ရှိနေသလား။ ဒါနည်းနည်း နိုင်ငံတော်မှာ ရှိနေတဲ့ တာဝန်ရှိသူတွေ သဘောပေါက်ဖို့ လိုတယ်။ ကျနော်ဆိုချင်တာက ကုန်ပစ္စည်းရဲ့ အခုနပြောတဲ့ free flow ပေါ့။ အဲဒါက ရှင်းရှင်းပြောရင် သူ့ သီအိုရီနဲ့ သူ ဈေးနှုန်းနှိမ့်ရာကနေ မြင့်ရာကို သူ့အလိုလို သွားနေတာ။ ကိုယ်ကသွားပြီး ဝယ်လို့မရဘူး။ ဝင်တာနဲ့ တပြိုင်နက်တည်း ကိုးရိုးကားယားတွေ ဖြစ်ကုန်တာ။ ဒီချေးငွေတွေအတွက်လည်း ကျနော်တို့ သိထားသလောက်ဆိုရင် ကုမ္မဏီတွေ အတော်များများကို ချေးငွေတွေ တောင်သူလယ်သမားတွေကို ထုတ်ပေးဖို့၊ သင့်တော်တဲ့အတိုးနဲ့ ထုတ်ပေးဖို့ သူတို့ ဆပ်နိုင်တဲ့အခါမှ ပြန်ဆပ်ဖို့ စသဖြင့် အစိုးရက ပံ့ပိုးပေးရုံတင်မကဘူး အခွန်ဘဏ္ဍာဝန်ကြီးဌာနကဆိုရင် ဒီလိုများ ကျေးလက်ဖွံ့ဖြိုးရေးအတွက်လုပ်မယ်ဆိုရင် ခင်များတို့လုပ်ငန်းရှင်တွေ ကျနော်တို့ ရှိတဲ့ဟာတွေ အပေါင်းထားပြီးချေးမယ်။ တက်နိုင်သမျှ အတိုးနှုန်း ချိုချိုသာသာနဲ့ ချေးပေးမယ်ဆိုတာတွေ ကမ်းလှမ်းတာတွေ ရှိတယ်။ နိုင်ငံတော်အပိုင်းကတော့ မကျန်ဘူး။ အခုနပြောတဲ့အတိုင်းပဲ လုပ်တဲ့အပိုင်း ပေါ်လစီက အခုပေးတဲ့ ပေါ်လစီကို ဂရုတစိုက် အကောင်းအထည်ဖော်ဖို့ လိုတယ်လို့ စိုက်ပျိုးရေးမှာတော့ အဲဒီလိုထင်တယ်။

ဦးကျော်ဇံသာ ။ ။ အထက်ပိုင်းက နိုင်ငံတော်ပိုင်းကတော့ မူဝါဒအားဖြင့် ကူညီဖို့ ကမ်းလှမ်းထားတာရှိတယ်။ လက်တွေ့မှာ ဖြစ်မလားဘူးဆိုတော့ အဲဒါဘာကြောင့်လဲ။

ဦးစိန်ဝင်း ။ ။ စီမံအုပ်ချုပ်မှုရဲ့ တညီတညွတ်တည်း မဖြစ်တာပေါ့။ ဥပမာအားဖြင့် ဆန်စပါး တောင်သူလယ်သမားကိုတော့ ပို့ဖို့ မပေးဘူးဗျာ။ ကုမ္မဏီကစိုက်ရင်း ပို့ခွင့်ပေးမယ်။ ဥပမာ ကြက်သွန်နီ ကုမ္မဏီကစိုက်ရင်း ပို့ခွင့်ပေးမယ်။ တောင်သူလယ်သမားစိုက်တဲ့ ကြက်သွန်နီကြတော့ ပို့ခွင့်မပေးဘူး။ ဘယ်လိုလုပ်မလဲ တောင်သူလယ်သမား တောင်သူလယ်သမားချင်းဘဲ လယ်သမားကစိုက်လည်း လယ်သမားက တောင်သူလယ်သမား။

ဦးကျော်ဇံသာ ။ ။ လယ်သမားက တိုက်ရိုက်တင်ပို့နိုင်သလား။

ဦးစိန်ဝင်း ။ ။ လယ်သမားသီးနှံကို ကုမ္မဏီက ဝယ်ပို့မယ်ဆိုရင်တောင် မရဘူး။ ကိုယ်ကိုတိုင် အစိုက်ပြထားတဲ့ ကုမ္မဏီက ဘယ်လောက်ထွက်တယ်ဆိုမှဘဲရမယ်။ ဒီလို

ဦးကျော်ဇံသာ ။ ။ ဒါရှင်းနေတာဘဲ။ ကုမ္မဏီတွေကို လုပ်ပိုင်ခွင့်ပေးထားတာ။ ကုမ္မဏီက ဘယ်လိုလူတွေလဲ။ လူတိုင်းကုမ္မဏီ လုပ်လို့ရသလား။

ဦးစိန်ဝင်း ။ ။ ကုမ္မဏီကတော့ ဘယ်သူလုပ်ချင် လုပ်လို့ရတယ်။ ကျနော်တို့ ဆိုချင်တာက တချို့ ကိစ္စတွေကြတော့ management က mis-management ဖြစ်နေတာ။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အခုအကြံပေးတဲ့အထဲမှာ အစိုးရက လိုက်နာလို့ မဖြစ်နိုင်တဲ့ အကြံပေးချက်တွေများ ပါနေသလား။ တနည်းအားဖြင့် နိုင်ငံရေးအားဖြင့် သူတို့ရဲ့ လုပ်ရှားမှုကို ကန့်သတ်ထားတဲ့ အကန့်အသတ်တွေများ အဲဒီအကြံပေးချက်ထဲမှာ တွေ့ရပါသလား။

ဦးစိန်ဝင်း ။ ။ အဟန့်အတားဖြစ်နိုင်စရာဆိုတာတော့ သူပြောထားတဲ့အထဲမှာ technology တွေ မြင့်မားအောင်လုပ်ဖို့၊ ကျန်းမာရေး အသုံးစရိတ်တွေ တိုးပေးဖို့။ အဲဒါတွေပဲ ပါတယ်လို့ ကျနော်ကြားရတယ်။ ပညာရေးတွေလည်း မြင့်မားအောင်လုပ်ဖို့ အဲဒါတွေလည်း တွဲပြီးတော့ပါတယ်။ ကုန်ထုတ်လုပ်မှု တိုးတက်တဲ့နေရာမှာ ဥပမာ သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးအခြေအနေတို့ မတိုးတက်ဘူးဆိုရင် ဒါတွေ မဖြစ်နိုင်ဘူးဆိုတော့ ဒါကို တွဲအကြံပေးတာ။ နောက်တခုက အပေါ်ကနေ banking system တို့ infrastructure တို့ကိုလည်း ပြင်ပေးဖို့။ နိုင်ငံခြားကငွေ ဒီကိုပို့တာ ဒီကငွေ နိုင်ငံခြားပို့တာတွေဆိုတာကလည်း အလွယ်တကူ မဖြစ်သေးတာ ပါသေးတာပေါ့။ ဒါတွေကတော့ ချက်ချင်း နိုင်ငံတော် ပေါ်လစီမှာ ဘာတွေအခက်အခဲရှိသလဲ မသိဘူး ဒါတွေတော့ ချက်ချင်းကျသေးမှာ မဟုတ်ဘူးထင်တယ်။ ရတော့ရမှာပါ သိပ်မကြာတော့ဘူး ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ရတော့ရမှာပါဆိုတာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဘာညာဆိုတဲ့ အထဲမှာ စီးပွားရေးနဲ့ ပတ်သက်ပြီး ပြဌာန်းချက်တွေကို ဆရာတို့ လေ့လာမိကောင်း လေ့လာမိပြီး ဖြစ်ပါလိမ့်မယ်ဆိုတော့ ဒီအခြေအနေကြရင် နိုင်ငံတကာ ပညာရှင်တွေပေးတဲ့ အကြံပေးချက်အတိုင်း အကောင်းအထည်ဖော်လာနိုင်တဲ့အလားအလာ ပိုများတယ်လို့ ယူဆနိုင်ပါသလား။

ဦးစိန်ဝင်း ။ ။ ယူဆနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တောင်သူလယ်သမား အခွင့်အရေးတို့၊ အလုပ်သမား အခွင့်အရေးတို့ အကုန်လုံး အကာအကွယ်ပေးထားတာ။ ဥပမာ အခုနဟာမျိုး တောင်သူလယ်သမား လယ်သမားချင်း မတူတာမျိုး။ ဒါမျိုးဆိုရင် တဦးဦးကနေ အများပြည်သူ လုပ်မဖြစ်အောင်၊ အများစီးပွားရေးသမားတွေ လုပ်မဖြစ်အောင် တဦးတယောက်တည်းကို ကွက်ပြီးတော့မှ ပေးထားပြီးတော့ အဲဒါကို ဈေးကစားခြင်း၊ အမြတ်တွေ အားယူခြင်းကို နိုင်ငံတော် က ကာကွယ်စောင့်ရှောက်သွားမယ်လို့ အပြည့်အဝကို ရေးထားတာ။

ဦးကျော်ဇံသာ ။ ။ အဲဒါကတော့ စာရွက်ပေါ်မှာပေါ့။ လက်တွေ့ အခုလောလောဆယ် အခြေအနေမှာ အဲဒီလို တန်တူအခွင့်အရေး မရခဲ့ရင် complain မလုပ်နိုင်ဘူးလား။ ဘယ်သူမှ ဥပဒေအပေါ်မှာ မရှိရဘူး ဘာညာပြောနေတာ။

ဦးစိန်ဝင်း ။ ။ ကျနော်တို့ စီးပွားရေးလောကကြီးက ဒီလို တန်တူအခွင့်အရေး စီးပွားရေး၊ ကုန်သွယ်ရေးမှာ ပေးထားတာတွေတော့ တန်တူလုပ်လို့ ရပါတယ်။ လုပ်ခက်အောင်လုပ်ထားတော့ ငွေအရင်းနည်းတဲ့လူက လုပ်ခက်တာပေါ့။ ငွေအရင်းများတဲ့လူကတော့ ကိစ္စမရှိဘူး လုပ်ခက်လည်း လုပ်တာပေါ့။

ဦးကျော်ဇံသာ ။ ။ ကျနော်နောက်တခု မေးချင်တာက အရင်တုန်းကလည်း မြန်မာနိုင်ငံကို ဘောဂဗေဒပညာရှင်တွေ အကြံပေးတာ။ အဲဒီတုန်းက နဝတ အစိုးရတက်လာကတည်းက ၈၈ နောက်ပိုင်းကတည်းက ဈေးကွက်စီးပွားရေး ကျင့်သုံးမယ်ဆိုကတည်းက ကမ္ဘာ့ဘဏ်က အကြီးအကဲလုပ်ခဲ့တဲ့ မြန်မာအမျိုးသား ဘောဂဗေဒ ပညာရှင်တွေ အပါအဝင် အကြံပေးဖို့ ကြိုးစားခဲ့ကြတယ်။ လှဲလှယ်ရေးနှုန်း exchange rate အပါအဝင် အကြံပေးခဲ့ကြတယ်။ ဒါပေမဲ့ လက်မခံခဲ့ဘူးဆိုတာ ကျနော်တို့ ကြားသိခဲ့ရတယ်။ အခု ပါမောက္ခ Stiglitz လို့ ပုဂ္ဂိုလ်မျိုး ပြောတာကို တကယ်လက်တွေ့ ဖြစ်လာနိုင်မလား။ သူတို့ ဘာကြောင့် ပယ်ချခဲ့သလဲ။

ဦးစိန်ဝင်း ။ ။ ၈၈ ဖြစ်ပြီးတဲ့နောက်မှာ အုပ်ချုပ်ရေးပိုင်းမှာ နှစ်ပိုင်းဖြစ်နေတယ်လို့ ထင်တယ်။ တပိုင်းက တကယ်ဘဲ အဲဒီတုန်းက ဈေးကွက်စီးပွားရေးစနစ်ကို သွားချင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ကတစု xxx.

ဆက်စပ်သတင်းများ ...

XS
SM
MD
LG