သုံးရလွယ်ကူစေသည့် Link များ

ဗာတီကန် ခရစ္စမတ် အခမ်းအနား


ဒီကနေ့ကျရောက်တဲ့ ခရစ္စမတ်နေ့မှာ ဗာတီကန် နန်းတော်၊ စိန့်ပီတာ ဘက်စ်လီကာ ဘုရားကျောင်းတော်အတွင်း ထောင်နဲ့ ချီပြီးတော့ လူတွေ စုရုံးရောက်ရှိလာတဲ့အခါမှာ ပုပ်ရဟန်းမင်းကြီး ဘန်နဒစ် က ခရစ္စမတ်ရိုးရာ ကောင်းချီးဆုမွန် တောင်း ပေးတာတွေ လုပ်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ခရစ္စမတ်နေ့ အမှာစကားထဲမှာ ဘာသာစကားအတော်များများ နဲ့ သူ ပြောဆိုခဲ့ပြီးတော့ ကမ္ဘာ့ စီးပွားရေး အကျပ်အတည်း၊ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခ၊ အာဖရိကတိုက်တွင်း ပဋိပက္ခတွေရဲ့ အကျိုးသက်ရောက်မှု တွေကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေးနဲ့ အတူတကွ နေထိုင်နိုင်ကြရေးတို့အတွက် စိတ်ရောကိုပါ ကျန်းမာကြပြီးတော့ စေတနာတွေထား ၀ိုင်းဝန်း လုပ်ဆောင်ကြဖို့ကိုလည်း ကမ္ဘာတ၀ှမ်းက ခရစ်ယာန်ဘာသာဝင်တွေကို ပုပ်ရဟန်းမင်းကြီး ဘန်နဒစ် က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

မနေ့က ခရစ္စမတ်အကြိုနေ့မှာ အခုလိုမျိုး စုဝေးရောက်ရှိနေချိန် သိပ် စိတ်မနှံ့တဲ့အမျိုးသမီး တဦးက အတားအဆီးတွေကို ခုန်ကျော်ပြီးတော့ ပုပ်ရဟန်းမင်းကြီး တို့ကို တွန်းထုတ်ခဲ့ပါတယ်။ အဲဒီမှာ ပုပ်ရဟန်းမင်းကြီးက ဘာမှမဖြစ်ခဲ့ပေမဲ့လည်း အသက် (၈၇) နှစ်အရွယ် ပြင်သစ်ကာဒီနယ် ဘုန်းတော်ကြီး တပါးကတော့ ခြေတဘက် ကျိုးသွားခဲ့ပါတယ်။ ပုပ် ရဟန်း မင်းကြီးတို့ကို ၀င်တွန်းခဲ့တဲ့ အမျိုးသမီးဟာ (၂၅) နှစ်အရွယ် အီတလီနဲ့ ဆွစ်ဇာလန် နိုင်ငံသူဖြစ်ပြီး အခုတော့ သူ့ကို ဆေးရုံ ပို့ထားရတယ်လို့ ဗာတီကန် နန်းတော် ပြောခွင့်ရသူက ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG