သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစ်ခတ်နှိမ်နင်းလို့ အီရန်ဆန္ဒပြသူ ၄ ဦး သေဆုံး


အီရန်နိုင်ငံ တီဟီရန်မြို့တော်က အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေအပေါ် ရဲက သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ ၄ ယောက် သေဆုံးခဲ့တယ်လို့ မျက်မြင်တွေက ပြောကြသလို အစိုးရဆန့်ကျင်တဲ့ ဝက်ဘ်ဆိုက်တွေပေါ်မှာလည်း ရေးနေကြပါတယ်။

ဒီနေ့မှာဖြစ်တဲ့ အစိုးရ ဆန့်ကျင်သူတွေနဲ့ လုံခြုံရေးတွေအကြား ပဋိပက္ခ အတွင်းမှာ သေဆုံးမှု မရှိပါဘူးလို့ အီရန်ရဲ တာဝန်ရှိသူတွေက ငြင်းဆန်ပါတယ်။

ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံထဲက နိုင်ငံခြား သတင်းထောက်တွေကို သတင်းထုတ်ပြန်ခွင့် အီရန်အစိုးရက ပိတ်ပင်ထားတဲ့အတွက် ဒီသတင်းတွေအပေါ် သီးခြား အတည်ပြုနိုင်ဖို့ ခက်ခဲပါတယ်။

တနင်္ဂနွေနေ့တုန်းက ဆန္ဒပြပွဲတွေမှာ အာဏာရှင် ကျဆုံးပါစေဆိုပြီး ကြွေးကြော် ဆန္ဒပြကြသူတွေကို ရဲတွေက လက်ကိုင်တုတ်တွေ၊ မျက်ရည်ယိုဗုံးတွေ သုံးပြီးတော့ လူစုခွဲခဲ့တယ်လို့ ပြောပါတယ်။

တခြားမြို့တွေဖြစ်တဲ့ အစ်စ်ဖာဟန် (Isfahan) နဲ့ နာဂျာဖာဘတ် (Najafabad) မြို့တွေမှာလည်း အလားတူ ဆန္ဒပြပွဲတွေ ရှိတယ်လို့ အတိုက်အခံ ဝက်ဘ်ဆိုက်တွေက ရေးသားပါတယ်။

ဇွန်လ သမ္မတ ရွေးကောက်ပွဲ နောက်ပိုင်း ဆန္ဒပြပွဲတွေ လူထုစုဝေးပွဲတွေ ရှိခဲ့တဲ့နောက်မှာ အခုတခါ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG