သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်နစ္စတန်မှာ အသေခံ ဗုံးဖောက်ခွဲမှုကြောင့် အမေရိကန် ၈ ဦး သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း အမေရိကန် စစ်စခန်းတခုမှာ အသေခံ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုကြောင့် အမေရိကန် အရပ်သား ၈ ယောက် သေဆုံးသွားကြတယ်လို့ မြို့တော် ကဘူးလ်မှာ အမေရိကန် တာဝန်ခံများက ပြောကြားပါတယ်။

ခို့စ်တ် (Khost) ပြည်နယ်ရှိ စစ်ဆင်ရေးစခန်းမှာ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားတဲ့ အဲဒီဖောက်ခွဲမှုကြောင့် အမေရိကန်တပ်သား နေတိုးတပ်ဖွဲ့ဝင် တယောက်မှ မသေဘူး၊ တခြား အသေအပျောက် သတင်းလည်း ချက်ချင်းတော့ မရသေးဘူးလို့ ဆက်ပြီး ပြောပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ မြောက် ဝါဇီရစ္စတန် လူမျိုးစုဒေသအတွင်း တာလီဘန် စစ်သွေးကြွများနဲ့ သူတို့ရဲ့ မဟာမိတ်တို့က နယ်စပ်ကျော်ဖြတ်ပြီး ဝင်တိုက်တဲ့နေရာနဲ့ ကပ်လျက်မှာ ခို့စ်တ်ပြည်နယ် တည်ရှိတာ ဖြစ်ပါတယ်။

ကူနာ (Kunar) ပြည်နယ်မှာ တနင်္ဂနွေနေ့က စစ်ဆင်ရေး ဆင်နွှဲစဉ် နိုင်ငံခြားတပ်ဖွဲ့များရဲ့ လက်ချက်နဲ့ ကျောင်းသားလေးတွေ အပါအဝင် အရပ်သား ၁၀ ယောက် သေဆုံးခဲ့ရကြောင်း အာဖဂန်အစိုးရ စုံစမ်းစစ်ဆေးမှုက စောစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

ပူးတွဲ စုံစမ်းစစ်ဆေးရေးလုပ်ဖို့ နေတိုးက မေတ္တာရပ်ခံထားတယ်လို့ ဗိုလ်မှူးကြီး ဝိန်းရှန့်ခ်စ် (Colonel Wayne Shanks) က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်များအား ပြောကြားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG