သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်မှာ အသေခံဗုံးခွဲမှုကြောင့် အနည်းဆုံး ၈၈ ဦး သေဆုံး


ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း လူစည်ကားတဲ့ အားကစားပွဲအတွင်း အသေခံဗုံးဖောက်ခွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေ ၈၈ ယောက် ရှိသွားပါပြီ။ အနောက်မြောက်ပိုင်းပြည်နယ် လက်ကီမာရာဝက် မြို့မှာ သောကြာနေ့က ဘောလီဘောပွဲကို စုပြုံကြည့်နေကြစဉ် ဖောက်ခွဲပစ္စည်းအပြည့် တင်ထားတဲ့ မော်တော်ကားက အတင်း မောင်းဝင်ပြီး ဖောက်ခွဲလိုက်တာပါ။

သေဆုံးသွားကြတဲ့အထဲမှာ ပြည့်သူ့စစ်အဖွဲ့ဝင်စစ်သားများနဲ့ ကလေးငယ်များ ပါဝင်ကြောင်း စစ်ဆေးသူများက ဆိုပါတယ်။ ဒါဇင်နဲ့ချီပြီး ဒဏ်ရာရခဲ့ကြတဲ့အထဲမှာ အနီးရှိ ဘလီဝတ်ကျောင်းကလူတွေ ပါဝင်ကြပြီး ဖောက်ခွဲမှုကြောင့် အနီးအနားက အိမ်များလည်း ပြိုပျက်သွားပါတယ်။ ဘယ်သူကမှ သူတို့ဖောက်တာလို့ မဆိုကြသေးပါဘူး။

ပြည်နယ်ရဲမှူးကြီး မာလစ်နာရိဖ် က စစ်သွေးကြွတွေရဲ့ လက်စားခြေမှုဖြစ်နိုင်တယ်၊ ဒေသခံတွေက တာလီဘန်တွေကို မောင်းထုတ်ရာမှာ ပြည်သူ့စစ်ဖွဲ့စည်းရာမှာ အာဏာပိုင်တွေကို ကူညီခဲ့လို့ ဖြစ်တယ်လို့ ဗွီအိုအေကို ပြောပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG