သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒူဘိုင်းက ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး ဖွင့်လှစ်


ဒူဘိုင်းမှာ ဆောက်ထားတဲ့ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီး ဖွင့်ပွဲကို တနင်္လာနေ့က ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။ အထပ် ၂၀၀ ပါ မိုးမျှော်တိုက်ကြီးကနေ ဖောက်လိုက်တဲ့ မီးရှူးမီးပန်းတွေက ညအမှာင်မှာ ထိန်ထိန်ညီးစေခဲ့ပါတယ်။ အဆောက်အဦးဟာ မြင့်လွန်းလို့ ခေါင်းမော့ကြည့်ခဲ့ရသူတွေ ဇက်တောင်နာတယ်လို့ ပြောကြပါတယ်။

ပေပေါင်း ၂,၇၁၆ ပေမြင့်တဲ့ ဒီမိုးမျှော်တိုက်ကြီးကို ဖွင့်လှစ်လိုက်ပြီဖြစ်လို့ ပေပေါင်း ၁,၇၀၀ မြင့်တဲ့ ထိုင်ဝမ်က Taipei 101 အဆောက်အဦးက ကမ္ဘာ့ ဒုတိယအမြင့်ဆုံး ဖြစ်သွားပါပြီ။

ဒူဘိုင်းနယ်ကို အုပ်ချုပ်တဲ့ ရှိတ်ခ် ရာရှက်ဒ် (Sheikh Rashed) က အိမ်နီးချင်း အဘူ ဒါဘီနယ်က နယ်စား ရှိတ်ခ် ခါလီဖာ (Sheikh Khalifa) ကို ဂုဏ်ပြုပြီး ဒေါ်လာ ၁.၅ ဘီလီယံတန်တဲ့ အဆောက်အဦးကြီးကို ဘုဂျ် ခါလီဖာ (Burj Khalifa) လို့ နာမည်ပေးခဲ့ပါတယ်။

ဒူဘိုင်းအစိုးရပိုင် Dubai World ဆောက်လုပ်ရေး ကော်ပိုရေးရှင်းကြီး အကြွေးဒေါ်လာ သန်းထောင်ချီ ပြန်မဆပ်နိုင်လို့ အခက်တွေ့နေချိန်မှာ အဘူ ဒါဘီ အစိုးရက ဒေါ်လာ ၁၀ ဘီလီယံ ဒီဇင်ဘာလက ဝင်ကူညီခဲ့ရပါတယ်။

စုစုပေါင်း ပြန်ပေးရမယ့် ဒေါ်လာ ၆၀ ဘီလီယံ ပြန်မဆပ်နိုင်တော့ဘူးလို့ Dubai World က နိုဝင်ဘာလမှာ ကြေညာခဲ့တဲ့နောက်မှာ ကမ္ဘာတဝန်းက အစုရှယ်ယာဈေးတွေ ရုတ်တရက် ကျသွားခဲ့ရပါတယ်။

အခု ကမ္ဘာ့အမြင့်ဆုံး မိုးမျှော် အဆောက်အဦးကြီးကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ဒူဘိုင်းမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်တဲ့ ယုံကြည်မှု ပြန်ရနိုင်ဖို့ ဒူဘိုင်းခေါင်းဆောင်တွေက မျှော်လင့်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG