သုံးရလွယ်ကူစေသည့် Link များ

အာရှရဲ့ ပြင်းထန်တဲ့ ရာသီကြောင့် လေယာဉ်ခရီးစဉ်များ နှောင့်နှေး


အေးခဲလှတဲ့ ရာသီဥတုနဲ့ ထူထပ်တဲ့ ဆီးနှင်းတွေကြောင့် အာရှနိုင်ငံ တော်တော်များများမှာ လေယာဉ်ခရီးစဉ်တွေ ဖျက်ခဲ့ရသလို သွားလာရေး ခက်ခဲတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ လွန်ခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ကျနေတဲ့ ၁၂ လက်မလောက် အမြင့်ရှိတဲ့ ဆီးနှင်းတွေကြောင့် ဘေဂျင်း နိုင်ငံတကာ လေဆိပ်မှာ လေယာဉ်ခရီးစဉ် ရာနဲ့ချီ ဖျက်တာဖျက်၊ နောက်ရွှေ့တာရွှေ့ ဖြစ်ကုန်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းကဆိုရင် ဘေဂျင်းမှာ နှင်းမကျသလောက် ဖြစ်ပေမဲ့ ဒီနှစ် ဆောင်းဝင်ကတည်းက နှင်းမုန်တိုင်း တိုက်ခတ်တာ တကြိမ်မက ရှိပါပြီ။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာလည်း နှင်းတွေ အထူအထပ်ကျနေလို့ လေယာဉ်ခရီးစဉ်တွေ ဖျက်ခဲ့ရပါတယ်။ တနင်္လာနေ့က ဝန်ကြီးအဖွဲ့ အစည်းအဝေးကိုလည်း ဝန်ကြီးတွေ သွားရေးလာရေး အခက်အခဲကြောင့် စည်းဝေးပွဲကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာလည်း အအေးလှိုင်း ဖြတ်တဲ့အတွက် သေဆုံးသူ ၄၀ ထက်မနည်း ရှိသွားပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရာသီဥတု ဆိုးနေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ အနှောင့်အယှက် ဖြစ်နေပြီး ဒေသတွင်းက ကျောင်းတွေကိုလည်း ပိတ်ထားရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG