သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု တိုက်ဖျက်ရေး တာဝန်ရှိ ထောက်လှမ်းရေး ဌာနတွေကို အိုဘားမား ပြင်းပြင်းထန်ထန် သတိပေး


ခရစ္စမတ်နေ့တုန်းက အမေရိကန် လေယာဉ်ကို ဖောက်ခွဲဖို့ ကြိုးစားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က မနေ့တုန်းက ပြင်းပြင်းထန်ထန် သတိပေးချက်တွေကို သဘောပေါက် နားလည်ပါတယ်လို့ အမေရိကန် ထိပ်တန်း ထောက်လှမ်းရေး အရာရှိတဦးက ပြောပါတယ်။

အမေရိကန် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဒန်းနစ်စ် ဘလဲ (Dennis Blair) ဟာ သမ္မတ အိုဘားမားရဲ့ မနေ့က ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ပြီး သူ့အနေနဲ့ အခုထက်ပိုပြီး အလုပ်လုပ်မယ်၊ အကြမ်းဖက်သမားတွေထက် ပိုပြီး အကွက်မြင်အောင်လုပ်မယ်၊ အကြမ်းဖက်သမားတွေကို နှိမ်နင်းနိုင်ရမယ်လို့ ကတိပေးခဲ့ပါတယ်။

လာမယ့် အနာဂတ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ လိုအပ်တာတွေ မှန်သမျှ လုပ်ဆောင်သွားမယ်၊ အကြမ်းဖက် တိုက်ခိုက်ရေး နှိမ်နင်းမှုဆိုင်ရာ နည်းဗျူဟာသစ်တွေကိုလည်း ချမှတ်သွားမယ်လို့ သူက ဆိုပါတယ်။

လေယာဉ်ကို ဖောက်ခွဲဖို့ ကြိုးစားခဲ့တဲ့ ကိစ္စကို ကြိုတင် မတားဆီးနိုင်ခဲ့တာဟာ တကယ့်ကို ပျော့ကွက်ပဲဖြစ်တယ်၊ မအောင်မြင်တဲ့ ကိစ္စဖြစ်တယ်၊ အမေရိကန် ထောက်လှမ်းရေး အဖွဲ့တွေမှာ လေယာဉ်ကို ဖောက်ခွဲမယ့်သူနဲ့ ပတ်သက်တဲ့ သက်သေ အထောက်အထားတွေ လုံလုံလောက်လောက် ရှိခဲ့ရဲ့သားနဲ့ လိုအပ်တဲ့ ဆက်သွယ်မှုတွေ မလုပ်နိုင်ခဲ့ဘူးဆိုပြီး ပျက်ကွက်မှုနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားက မနေ့တုန်းက ပြစ်တင်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ထောက်လှမ်းရေးဆိုင်ရာ ပျက်ကွက်မှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် ပြုပြင်ဖို့၊ လေဆိပ်လုံခြုံရေးနဲ့ စစ်ဆေးမှု ပုံစံတွေကို ပြောင်းလဲဖို့လည်း သမ္မတ အိုဘားမားက မနေ့က ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG