သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြောက်ကိုရီးယား တောင်းဆို


အမေရိကန်နဲ့ ငြိမ်းချမ်းရေး စကားပြောဖို့ မြောက်ကိုရီးယားက တနင်္လာနေ့က တောင်းဆိုလိုက်ပါတယ်။ ပိတ်ဆို့ အရေးယူထားတာတွေကို ရုပ်သိမ်းဖို့လည်း တောင်းဆိုလိုက်ပြီး ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ မစမီ ဒီအချက်တွေဟာ ဖြည့်ဆည်းရမယ့် အခြေအနေတွေ ဖြစ်တယ်လို့ ပြောပါတယ်။

၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ပြန်ဖြစ် မဖြစ်ဟာ အမေရိကန်နဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်တဲ့ အပေါ်မှာ မူတည်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက်ထုတ်ပြီး ပြောပါတယ်။ ၁၉၅၀ ကနေ ၁၉၅၃ အထိ ဖြစ်ခဲ့တဲ့ ကိုရီးယားစစ်ပွဲကို အဆုံးသတ်ခဲ့တာဟာ အပစ်အခတ် ရပ်စဲရေးနဲ့သာဖြစ်ပြီး ငြိမ်းချမ်းရေးစာချုပ်နဲ့ မဟုတ်ခဲ့ပါဘူး။

မြောက်ကိုရီးယား လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်က မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေး အခြေအနေတွေက တုန်လှုပ်ချောက်ချားစရာ ကောင်းတယ်လို့ ပြောလိုက်တဲ့ တနင်္လာနေ့မှာပဲ မြောက်ကိုရီးယားရဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက် ထုတ်လိုက်တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးထောင့်က ပြောရင် မြောက်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံး နေရာတွေထဲက တနေရာ ဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG