သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်မှ နေကြတ်သည့် မြင်ကွင်း


မြန်မာနိုင်ငံအပါအဝင် အာရှဒေသတဝှမ်းမှာ အချိန်ကြာမြင့်စွာ နေကြတ်တာကို ဇန္နဝါရီလ (၁၅) ရက်နေ့မှာ တွေ့မြင်လိုက်ကြရပါတယ်။ နေရဲ့ ရှေ့တည့်တည့်မှာ လကျရောက်ခဲ့တဲ့အတွက် နေရဲ့ အနားသတ်ဟာ လနောက်ခံနဲ့ တောက်ပ နေတာကို လူတွေ မြင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝှမ်း နေရာအသီးသီးမှာ မွန်းလွဲ (၁) နာရီခွဲလောက်ကနေ ညနေ (၄) နာရီလောက်အထိ တွေ့မြင်ခဲ့ကြရတာဖြစ်ပါတယ်။ ဒီလို (၂၁) ရာစုရဲ့ အချိန်အကြာဆုံး နေကြတ်မှုဖြစ်စဉ်ကို စိတ်ဝင်တစား စောင့်ကြည့်သူတွေထဲမှာ မြန်မာနိုင်ငံသားတွေအပြင် ကမ္ဘာလှည့်ခရီးသည်တွေလည်း ပါဝင်ကြပါတယ်။ အများစုက ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရယ်ကို ကာကွယ်ဖို့ နေကာနဲ့ ကြည့်ခဲ့ကြတာဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေဝိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG