သုံးရလွယ်ကူစေသည့် Link များ

ကယ်ဆယ်ရေးပစ္စည်း ငလျင်ဒုက္ခသည်ဆီ ရောက်ဖို့ ခက်ခဲ


ဟေတီနိုင်ငံမှာ အင်အားပြင်း ငလျင်ကြီး လှုပ်သွားတာ ၄ ရက်လုံးလုံး ကြာသွားပြီးနောက် အစားအစာ၊ သောက်ရေနဲ့ ဆေးဝါးများ မရကြသေးလို့ ဆောက်တည်ရာမရ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာက ကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းတွေကတော့ အလုံးအရင်းနဲ့ ၀င်ရောက်နေကြပြီ ဖြစ်ပါတယ်။

ဒေသခံ ဒုက္ခသည်များအတွက် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများ ရောက်ရှိ စုပြုံနေတဲ့ ဟေတီနိုင်ငံရဲ့ မြို့တော် ပို့တ် အို ပရင့်စ် (Port-au-Prince) လေဆိပ်ကို အမေရိကန်တို့ ထိန်းချုပ်ခွင့် ဟေတီနဲ့ အမေရိကန်နိုင်ငံတို့အကြား သဘောတူညီမှု ရရှိလိုက်ပါပြီ။

အပျက်အစီးပုံများ ရှင်းလင်းတာ လျော့နည်းလာပြီမို့ ထောက်ပံ့ရေး ပစ္စည်းများလည်း တစတစနဲ့ နှေးကွေးစွာ ရောက်ရှိနေပါတယ်။

လုယက်မှုတွေ ရှိနေကြောင်း၊ ညမှောင်လာတဲ့အခါ ပျက်နေတဲ့ အိမ်တွေကြားမှာ ၀င်ပြီး လုနေကြတယ်လို့ မျက်မြင်သက်သေများကို ကိုးကားပြီး သတင်းများမှာ ဖော်ပြပါတယ်။

မြို့တော်မှာ လုပ်လို့ကိုင်လို့ရတဲ့ ရဲတပ်ဖွဲ့ရယ်လို့ မရှိသေးသလို ငလျင်ကြီးကြောင့် အကျဉ်းထောင် ပြိုကျ ပျက်စီးသွားလို့ ရာဇ၀တ်ကောင်များလည်း လွတ်လာပြီး သောင်းကျန်းနေကြတယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဒီနေ့ ဟေတီနိုင်ငံကို ရောက်ရှိဖို့ အစီအစဉ် ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG