သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား ရဲ့ တနှစ်တာ သက်တမ်း စီးပွားရေး ကျိုးပမ်းမှု


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က အရှုပ်တော်ပုံလို့ ဆိုခဲ့တဲ့ တိုင်းပြည်ရဲ့ ကျဆင်းနေတဲ့ စီးပွားရေးကို သူတာဝန်ယူခဲ့တဲ့ တနှစ်တာ ကာလအတွင်း တတ်စွမ်းသမျှဖြေရှင်းဖို့ ကျိုးပမ်းခဲ့တာပါ။ စီးပွားရေးဆိုင်ရာ အဓိကကျတဲ့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင်တော့ သမ္မတရဲ့ ကျိုးပမ်းချက်တွေက စီးပွားရေးကို တည်ငြိမ်အောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပေမဲ့ စိမ်ခေါ်မှုတွေကလည်း ရှိနေဆဲပါ။ သမ္မတသက်တမ်း တနှစ်အတွင်း စီးပွားရေး ဆောင်ရွက်ချက်တွေကိုတော့ ဗွီအိုအေ သတင်းထောက်တွေ ဖြစ်ကြတဲ့ Mil Arcega နဲ့ Kent Klein တို့ရဲ့ သတင်းပေးပို့ချက်တွေနဲ့အတူ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG