သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လေယာဉ် ဗုံးခွဲဖို့ ကြံစည်မှု ဘင်လာဒင် အခါပေးခဲ့


မနှစ်က ခရစ္စမတ်နေ့မှာ အမေရိကန်လေယာဉ် ဗုံးခွဲဖို့ ကြံစည်မှုကို သူကြိုးကိုင်ခဲ့တာလို့ အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အိုဆမာ ဘင်လာဒင် (Osama bin Laden) က ပြောလိုက်တဲ့အကြောင်း အယ်လ်ဂျာဇီးရား (al-Jazeera) ရုပ်မြင်သံကြားက ထုတ်လွှင့်လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုက အစ္စရေးနိုင်ငံကို ဆက်ပြီး ထောက်ခံ ပံ့ပိုးနေသ၍ အယ်လ်ကိုင်းဒါးတွေက အမေရိကန် ပြည်ထောင်စုကို နောက်ထပ် ထပ်ပြီး တိုက်ခိုက်ဦးမှာပဲလို့ အိုဆမာ ဘင်လာဒင် ပြောလိုက်တဲ့ အသံကို အယ်လ်ဂျာဇီးရား ရုပ်မြင်သံကြားက တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

ပါလက်စတိုင်း ပြည်သူတွေအတွက် လုံခြုံစိတ်ချမှု မရှိမခြင်း အမေရိကန် ပြည်ထောင်စု အတွက်လည်း လုံခြုံမှုဆိုတာ မရှိစေရဘူးလို့ ဘင်လာဒင်က ကြုံးဝါးထားပါတယ်။

သူ့ရဲ့အသံ ဟုတ်မဟုတ်ဆိုတာ အတည်မပြုနိုင်ပေမဲ့ အရင်က သူထုတ်လွှင့်ခဲ့ဖူးတဲ့ အသံတွေနဲ့ ဆင်ဆင်တူတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့က ခရီးသည် ၃၀၀ ခန့် တင်ဆောင်ပြီး နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ကနေ အမေရိကန် ပြည်ထောင်စု ဒိထရွိုက်မြို့ကို ပျံသန်းလာတဲ့ လေယာဉ်ပေါ်မှာ နိုင်ဂျီးရီးယားနိုင်ငံသား အသက် ၂၃ နှစ်အရွယ် အူမာ ဖာရွတ် အဗ္ဗဒူလ်မူတာလက်ဘ် (Umar Farouk Abdulmutallab) က အသေခံ ဗုံးဖောက်ခွဲဖို့ ကြိုးစား ကြံစည်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG