သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရှန် ပင်လယ်ကွေ့မှာ ဒုံးလက်နက် ကာကွယ်ဖို့ အမေရိကန် စိုင်းပြင်း


အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်တွေကို ရင်ဆိုင်ဖြေရှင်းမှုတွေ ဆက်လက် လုပ်ဆောင်နေတာနဲ့အမျှ ပါရှန် ပင်လယ်ကွေ့က နိုင်ငံ ၄ ခုမှာ ဒုံးကျည်ကာကွယ်ရေး စနစ်တရပ် ဖြန့်ကြက်ချထားဖို့ အမေရိကန် ပြည်ထောင်စုက အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဒုံးကျည်တွေကို ကြားဖြတ် ပစ်ခတ်နိုင်တဲ့ အထူးစစ်သင်္ဘောတွေ အပါအဝင် ဒေသတွင်းမှာ ရေတပ်အင်အား တိုးချဲ့ချထားဖို့ လုပ်ဆောင်နေတယ်လို့လည်း အမေရိကန် သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

အမေရိကန်စစ်တပ် တာဝန်ရှိသူတွေ အဆိုအရကတော့ ဒီလို ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဆင်ဖို့ လက်ခံထားကြတဲ့ ပင်လယ်ကွေ့ ၄ နိုင်ငံဟာ ကာတာ၊ ကူဝိတ်၊ ယူအေအီးနဲ့ ဘာရိန်းတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်ဟာဆိုရင် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အီရန်နိုင်ငံက သူ့ရဲ့ နျူကလီးယားလက်နက် အစီအစဉ်တွေနဲ့ ပတ်သက်လို့ လျှို့ဝှက် လုပ်ကိုင်နေတာတွေကို ငြင်းဆန်နေဆဲ ရှိတဲ့အပေါ် ဖိအားပေးတဲ့ ဆောင်ရွက်မှုတွေထဲက တစိတ်တပိုင်း ဖြစ်တယ်လို့လည်း ပြောနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG