သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမားနဲ့ တိဘက်ခေါင်းဆောင်တို့ကြား တွေ့ဆုံမှု တရုတ် ထပ်မံကန့်ကွက်


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်း လားမား (Dalai Lama) တို့ တွေ့ဆုံမယ့်အရေးမှာ ဘယ်လိုတွေ့ဆုံမှုမျိုးကိုမဆို တရုတ်ဘက်ကတော့ လုံး၀ ဆန့်ကျင်တယ်လို့ ဒီကနေ့ ထုတ်ပြောလိုက်ပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာကြောင်ရှူးရဲ့ ပြောဆိုချက်ကို ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီလို တွေ့ဆုံကြမယ်ဆိုရင် တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေးကို ထိခိုက်လိမ့်မယ်လို့လည်း သတိပေးထားပါတယ်။

သမ္မတ အိုဘားမားက ဘုန်းတော်ကြီးနဲ့ တွေ့ဆုံမယ်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြု ပြောဆိုလိုက်ပြီး နောက်တရက်မှာပဲ တရုတ်ဘက်က အခုလို တုံ့ပြန်လိုက်တာပါ။ သူတို့ ၂ ဦး ဘယ်တော့တွေ့မလဲ ဆိုတာကိုတော့ အိမ်ဖြူတော်က မပြောပါဘူး။

ပြီးခဲ့တဲ့နှစ်တုန်းက ဘုန်းတော်ကြီး ဒလိုင်း လားမား အမေရိကန် ပြည်ထောင်စုကို ရောက်လာခဲ့ပါသေးတယ်။ အဲဒီတုန်းက သမ္မတ အိုဘားမားကလည်း တရုတ်ပြည်ကို ခရီးထွက်ဖို့ ရှိနေလို့ တရုတ်ပြည်မသွားခင် ဘုန်းတော်ကြီးနဲ့ မတွေ့ဆုံရေး ဆုံးဖြတ်ခဲ့ပါတယ်။

တရုတ်နဲ့ သဘောမတူညီချက်တွေ ရှိတယ် ဆိုပေမဲ့လည်း အခြေခံကျတဲ့ တရုတ်၊ အမေရိကန် ဆက်ဆံရေးကတော့ အပြောင်းအလဲဖြစ်မယ့် လက္ခဏာ မရှိပါဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မနေ့က ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG