သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယားအရေး သဘောတူညီချက် မနီးစပ်သေး


အီရန်နိုင်ငံက ပြောနေသလိုမဟုတ်ပဲ အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား နျူကလီယားပြဿနာ အဖြေ သဘောတူညီချက်တရပ် ရတော့မယ့် လက္ခဏာ မမြင်ရသေးပါဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်က ပြောပါတယ်။

တူရကီနိုင်ငံမှာ သတင်းထောက်တွေကို မစ္စတာဂိတ်က ပြောသွားတာပါ။ အကယ်လို့သာ အီရန်နိုင်ငံအနေနဲ့ စွမ်းအင်လောင်စာအတွက် အဆင့်နိမ့်ယူရေနီယံတွေ ပြည်ပပို့ သန့်စင်ဖို့ ကမ်းလှမ်းချက်ကို အသေအချာ စဉ်းစားတယ်ဆိုရင် အိုင်အေအီးအေ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီနဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်က ပြောဆိုပါတယ်။

ဒီမတိုင်ခင် အစောပိုင်းတရက်ကတော့ အီရန်နိုင်ငံခြားရေးဝန်ကြီး မန်နြူချဲလ် မော်တာကီး က ဂျာမဏီက နိုင်ငံတကာလုံခြုံရေးညီလာခံမှာ ပြောကြားသွားရာမှာ နျူကလီယားလောင်စာနဲ့ပတ်သက်လို့ အီရန်ဟာ ကမ္ဘာအင်အားကြီးနိုင်ငံတွေနဲ့ သဘောတူညီမှု ရလု ခါနီးပါပြီလို့ ဆိုပါတယ်။

ညီလာခံအပြင်ဘက်မှာ ကုလသမဂ္ဂ အနုမြူစွမ်းအင်အေဂျင်စီ IAEA အကြီးအကဲနဲ့ အင်မတန်ကောင်းတဲ့ ဆွေးနွေးပွဲဖြစ်ခဲ့တယ် လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး မော်တကီးက စနေနေ့မှာပြောပါတယ်။ အီရန် နျူကလီးယားအရေး အဆိုပြုချက်အပေါ် သူတို့ ဆွေးနွေးခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG