သုံးရလွယ်ကူစေသည့် Link များ

မရမ်းကုန်းမြို့ နား ကြက်ငှက်တုပ်ကွေးဖြစ်ပွား


ရန်ကုန်တိုင်း စစ်ဌာနချုပ်ပိုင် ကြက်မွေးမြူရေးခြံ တခြံမှာ ဖေဖော်ဝါရီလဆန်း ကတည်းက ကြက်ကောင်ရေ အစုလိုက်အပြုံလိုက် သေဆုံးပြီး ကြက်ငှက် တုပ်ကွေးရောဂါပိုး တွေ့ရှိတဲ့အတွက် မရမ်းကုန်းမြို့နယ်နဲ့ အနီးတ၀ိုက်မှာ ကြက်ဘဲတွေ မရောင်းဖို့ အာဏာပိုင်တွေက တားမြစ်ထားပါတယ်။ ဖေဖော်ဝါရီလ အတွင်း မြန်မာနိုင်ငံမှာ AH1N1 ၀က်တုပ်ကွေးရောဂါပိုး ရှိသူ ဆယ်ယောက်ကျော်ကို စစ်ဆေး တွေ့ရှိတဲ့အကြောင်း ကျန်းမာရေး ဌာန အရာရှိတွေ ကြေညာခဲ့ပေမယ့် ငှက်တုပ်ကွေးရောဂါ သတိပေးချက် တွေကတော့ ဖေဖော်ဝါရီလလယ်ပိုင်းအထိ မြန်မာစစ်အစိုးရ သတင်းစာတွေမှာ ထုတ်ပြန် ကြေညာခြင်း မရှိပါဘူး။ အကြောင်းစုံကို ဦးသန်းလွင်ထွန်း တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG