သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား ဒလိုင်းလားမားနှင့် တွေ့မည်


တရုတ်အစိုးရရဲ့ ကန့်ကွက်မှုတွေ ကြားကပဲ အဝေးရောက် တိဘက်ဘုန်းတော်ကြီး ဒလိုင်း လားမား (Dalai Lama) ကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အိမ်ဖြူတော်မှာ ဒီကနေ့ လက်ခံတွေ့ဆုံဖို့ ရှိနေပါတယ်။

သမ္မတ အိမ်ဖြူတော်က ကိုယ်ပိုင်အခန်းတခုမှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံဖို့ရှိနေတဲ့ ဘုန်းတော်ကြီး ဒလိုင်း လားမားဟာ ဝါရှင်တန်မြို့တော်ကို မနေ့တုန်းကပဲ ရောက်ရှိလာတာပါ။ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ သတင်းထောက်တွေ ဓာတ်ပုံရိုက်ယူခွင့်ရှိမှာ မဟုတ်ပေမဲ့ သမ္မတ အိမ်ဖြူတော်ကနေ တရားဝင် ဓာတ်ပုံ ထုတ်ပြန်ပေးမှာ ဖြစ်တယ်လို့ ပြောခွင့်ရသူက ဆိုပါတယ်။

ဒီတွေ့ဆုံမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်ဆိုပြီး တရုတ်အစိုးရကတော့ ကန့်ကွက် ပြောဆိုလိုက်ပါတယ်။

ဘုန်းတော်ကြီး ဒလိုင်း လားမားကို ဖိတ်ကြားထားတာကို ချက်ချင်း ပြန်လည်ရုပ်သိမ်းဖို့ အတွက်ကိုလည်း တရုတ်အစိုးရက အရင်တပတ်ကပဲ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုဟာ အမေရိကန်၊ တရုတ် ဆက်ဆံရေးတွေကို ထပ်မံ ထိခိုက်နိုင်တယ်လို့လည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ပြီးခဲ့တဲ့ တပတ်ထဲမှာတုန်းကပဲ ပြောဆိုခဲ့တာပါ။

မကြာသေးခင်ကစလို့ တိုင်ဝမ်ကျွန်းကို အမေရိကန်က လက်နက်ရောင်းချဖို့ စီစဉ်နေတဲ့ ကိစ္စ၊ တရုတ်နိုင်ငံက သူ့ရဲ့ ငွေကြေးလဲလှယ်မှုနှုန်းနဲ့ ပတ်သက်လို့ အချေအတင် ဖြစ်နေရတဲ့ ကိစ္စ၊ တရုတ်အစိုးရက အင်တာနက် ဆင်ဆာ ဖြတ်တောက်မှုတွေ လုပ်နေတဲ့ ကိစ္စ စတာတွေနဲ့ ပတ်သက်လို့ ၂ နိုင်ငံအကြား ဆက်ဆံရေးတွေ မပြေမလည် ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG