သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား ဒလိုင်းလားမားနဲ့ တွေ့ဆုံမှု တရုတ်ကန့်ကွက်


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်း လားမား (Dalai Lama) နဲ့ အင်္ဂါနေ့က တွေ့ဆုံခဲ့မှုကို တရုတ်အစိုးရက ဝေဖန်သွားပြီး ဒီကိစ္စဟာ အမေရိကန်က တရုတ်နိုင်ငံကို ကတိပြုထားတာတွေနဲ့ ဆန့်ကျင်နေတယ်လို့ ပြောသွားပါတယ်။

သမ္မတ အိုဘားမားနဲ့ ဒလိုင်း လားမား ဝါရှင်တန်မြို့တော်မှာ တွေ့ဆုံပြီး နာရီပိုင်းအတွင်းမှာပဲ တရုတ်နိုင်ငံခြားရေး ပြောခွင့်ရပုဂ္ဂိုလ် မာဇူဇူးက တရုတ်အစိုးရ သတင်းမီဒီယာကနေ ပြောသွားပါတယ်။

တိဘက်ဒေသကို တရုတ်နိုင်ငံရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ အသိအမှတ် ပြုပါမယ်၊ တိဘက်ကို မထောက်ခံပါဘူးလို့ အမေရိကန်က ပြောထားတာနဲ့ အခုတွေ့ဆုံမှုက ဆန့်ကျင်နေတယ်လို့ သူက ပြောပါတယ်။

ဒလိုင်း လားမားနဲ့ တွေ့ဆုံချိန် အတွင်းမှာတော့ တိဘက်ခေါင်းဆောင် ဒလိုင်း လားမားရဲ့ ထူးခြားတဲ့ တိဘက် ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ ဘာသာစကားကို မပျောက်မပျက်အောင် ထိန်းသိမ်းမှု၊ တိဘက်နွယ်ဘွားတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက် လုပ်ဆောင်မှုတို့ကို အထူးထောက်ခံပါတယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ပြောသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG