သုံးရလွယ်ကူစေသည့် Link များ

၂၀၁၀ ရွေးကောက်ပွဲကို တိုင်းရင်းသားတွေ ဘယ်လို ရင်ဆိုင်ကြမလဲ


မြန်မာစစ်အစိုးရက ၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ပြောတာ ရက်အတိအကျ မကြေငြာသေးပေမယ့် တဖြည်းဖြည်း နီးကပ်လာပြီ ဆိုတာကတော့ ပိုမို ထင်ရှား လာနေပါတယ်။ မြန်မာနိုင်ငံတော် စစ်အစိုးရ အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မိန့်ခွန်းတွေ၊ သ၀ဏ်လွှာတွေဟာ တဆင့်ပြီး တဆင့် နီးကပ်လာပြီ၊ ဒါကိုပဲ ဦးတည်ပြီး ပြောနေတာကို တွေ့ရပါတယ်။ ဒီအချိန်မှာ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ ပြည်ထောင်စုကြီး ဖြစ်လာခဲ့ပြီဖြစ်တဲ့ ၆၃ နှစ်တာ ကာလအတွင်း အတူတူ နေထိုင်လာခဲ့ကြတဲ့ တိုင်းရင်းသားတွေ၊ ဒီရွေးကောက်ပွဲကို ဘယ်လို ရင်ဆိုင် ဖြတ်သန်းကြမလဲ၊ ရွေးကောက်ပွဲနဲ့အတူ ပါဝင် မဲပေးပြီးတော့ လက်ခံ ဆောင်ရွက်သွားမလား၊ ရွေးကောက်ပွဲမှာ မလိုအပ်တာတွေရှိတဲ့ မကြိုက် မနှစ်သက်တာ၊ အခြေအနေ မကောင်းတာတွေ ရှိတဲ့အတွက် ဒါကို ပြုပြင်ပေးဖို့ တောင်းဆို ကန့်ကွက်ကြမလား ဆိုတာတွေကို ဆွေးနွေးဖို့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီက အတွင်းရေးမှူး ဦးအေးသာအောင်၊ တိုင်းရင်းသား လူမျိုးစုကောင်စီက ဒေါက်တာ ဆလိုင်း လျှံမှုန်းတို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG