သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုး လေကြောင်း တိုက်ခိုက်မှုကြောင့် အာဖဂန် အရပ်သား ၂၇ ဦး သေဆုံး


အာဖဂန်နစ္စတန် တောင်ပိုင်းမှာ နေတိုးအဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သား ၃၃ ဦး သေဆုံးခဲ့တယ်လို့ အစောပိုင်းက အာဖဂန်နစ္စတန် အာဏာပိုင်တွေက ပြောပေမဲ့ အခု ၂၇ ယောက်ပဲ သေဆုံးခဲ့တယ်လို့ ထပ်မံ ကြေညာလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုနည်းနဲ့မှ အကြောင်းပြချက် ပေးလို့ရနိုင်မှာ မဟုတ်ဘူးဆိုပြီး အာဖဂန် ဝန်ကြီးများကောင်စီက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

နေတိုးအဖွဲ့ရဲ့ တုံ့ပြန်ချက်ကတော့ သူတို့ဟာ အူရူဇ်ဂန်ပြည်နယ် (Uruzgan) မှာ ရှိတဲ့ သူပုန်တွေကို ပစ်မှတ်ထား တိုက်ခိုက်ရင်းနဲ့ အခုလို အပြစ်မဲ့ အရပ်သားတွေကို မတော်တဆ ထိမှန်သွားခဲ့တာလို့ ဆိုပါတယ်။ အရပ်သား ဘယ်နှစ်ယောက်ကို ထိမှန်သွားသလဲ ဆိုတာကိုတော့ နေတိုးအဖွဲ့က မပြောပါဘူး။

အာဖဂန်နစ္စတန်မှာ တပ်စွဲထားတဲ့ နိုင်ငံတကာ တပ်ဖွဲ့ကို ဦးဆောင်နေတဲ့ အမေရိကန် တပ်မှူးကြီး စတန်လေ မက်ခရိုင်စ်တယ်လ် (Stanely McChrystal) ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပြီး အရပ်သားတွေ အခုလို သေဆုံးခဲ့တဲ့အတွက် နေတိုးတပ်ဖွဲ့ရဲ့ ရပ်တည်မှုအပေါ် အာဖဂန်နစ္စတန် ပြည်သူတွေ အယုံအကြည် နည်းလာစေနိုင်တယ် ဆိုတာကိုတော့ အသိအမှတ်ပြု ပြောဆိုသွားပါတယ်။

အူရူဇ်ဂန်ပြည်နယ်ဟာ ဟယ်လ်မန်းဒ်ပြည်နယ် (Helmand) ရဲ့ အရှေ့မြောက်ဘက်မှာ ရှိပြီး နေတိုးနဲ့ အာဖဂန်နစ္စတန် တပ်ဖွဲ့တွေက တာလီဘန် သူပုန်တွေကို အကြီးအကျယ် ထိုးစစ်ဆင် ဖြိုခွင်းနေတဲ့နေရာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG