သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘေးအန္တရာယ် ဖြစ်မှုအတွက် တိုယိုတာ ကားကုမ္ပဏီ အကြီးအကဲ တောင်းပန်


တိုယိုတာ ဂျပန်ကားကုမ္ပဏီကြီးရဲ့ အကြီးအကဲ ဖြစ်သူက သူ့ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ ကားတချို့ရဲ့ ချို့ယွင်းချက်တွေကြောင့် မတော်တဆ ယာဉ်တိုက်မှုတွေ ဖြစ်ပွားပြီး အနည်းဆုံး လူ ၃၉ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း တောင်းပန် ပြောဆိုသွားခဲ့ပါတယ်။

မနေ့က အမေရိကန် ကွန်ဂရက်စ်လွှတ်တော် ကြားနာပွဲမှာ သက်သေထွက်ဆိုရာမှာ တိုယိုတာ ကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာ အာကီယို တိုယိုဒါ (Akio Toyoda) က အဲဒီလို နောက်ထပ် သေဆုံးမှုတွေ မဖြစ်ရလေအောင် တိုယိုတာကားတွေ အားလုံး ဘေးကင်း လုံခြုံရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ကတိပေး ပြောဆိုခဲ့ပါတယ်။

တိုယိုတာ ကားကုမ္ပဏီရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်လို့တော့ မေးခွန်းထုတ်စရာ အကြောင်း မရှိဘူးလို့ မစ္စတာ တိုယိုဒါက ပြောသွားပါတယ်။

တိုယိုတာ ကားတချို့ရဲ့ လီဗာဟာ သူ့အလိုအလျောက် အရှိန်မြင့်တက်ပြီး ကားမောင်းသူနဲ့ စီးနင်းလိုက်ပါသူတွေကို ဘေးအန္တရာယ် ဖြစ်စေတယ်ဆိုတဲ့ တိုင်တန်းမှုတွေ ရှိခဲ့တာကို တိုယိုတာ ကုမ္ပဏီ အနေနဲ့ လျစ်လျူရှုခဲ့သလား၊ မရှုခဲ့ဘူးလား ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန် ကွန်ဂရက်စ် လွှတ်တော်မှာ ဒုတိယမြောက်နေ့ အဖြစ် ကြားနာပွဲ ပြုလုပ်ခဲ့ရာမှာ ဥပဒေပြု လွှတ်တော်အမတ်တွေရဲ့ နှိုက်နှိုက်ချွတ်ချွတ် မေးတဲ့ မေးခွန်းတွေကို မစ္စတာ တိုယိုဒါ ဖြေကြားခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အောက်လွှတ်တော်အမတ် ဂျွန် မိုက်ကာ (John Mica) ကတော့ ဒါဟာ တိုယိုတာ ကားကုမ္ပဏီအတွက် အင်မတန် ရှက်စရာကောင်းတဲ့ ဖြစ်ရပ် ဖြစ်တယ်လို့ ကောက်ချက်ချ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG