သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘာအ၀ှမ်းက ဆေးဝါးတု ပြဿနာ


ဖေဖ၀ါရီ ၃၊ ၂၀၁၀။ ဆေးဝါးတု ပြဿနာတွေဟာ ဖွံဖြိုးဆဲတတိယနိုင်ငံတွေကြားမှာ အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။ ဆေးဝါးတုတွေဟာ အစစ်နဲ့ ခွဲခြားရခက်ပေမယ့် ဆေးထိရောက်မှု အာနိသင်ပိုင်းမှာတော့ ကွာခြားပါတယ်။ အချို့ဆိုရင် လူ့အတွက် အသက်အန္တရာယ်တောင် ရှိပါတယ်။

လွန်ခဲ့တဲ့ တနှစ်တုန်းက နိုင်ဂျီရီယားနိုင်ငံမှာ သွားကိုက်ပျောက်ဆေးတု သုံးမိတဲ့ ကလေးငယ် ၈၀ ကျော်သေဆုံးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ဖျားနာကိုက်ခဲဆေးအတု တမျိုးကြောင့် ကလေး ၂၀ကျော် သေဆုံးခဲ့ပါတယ်။ ဒီဆေးဝါးတု ပြဿနာဟာ အာရှ အာဖရိကနဲ့ လက်တင်အမေရိကန်တလွားမှာ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။ အဲဒီ တိုင်းပြည်တွေရဲ့ ဈေးကွက်အတွင်း ဆေးဝါး ၃၀ ရာခိုင်နှုန်းဟာ ဆေးတုတွေဖြစ်နေတယ်လို့ ခန့်မှန်းထားပါတယ်။

နှိုင်းယှဉ်ရင်တော့ စက်မှုနိုင်ငံကြီးတွေမှာတော့ အခုလို ဆေးတု ပြဿနာက နည်းပါတယ်။ လုံးဝ မရှိတာတော့မဟုတ်ပါဘူး။

အမေရိကန်ပြည်ထောင်စု ကနေဒါ ဂျပန်နဲ့ နယူးဇီလန်လို တိုင်းပြည်တွေက တရားမ၀င် ဆေးဝါး ဈေးကွက်မှာတော့ ဆေးတု ၁ ရာခိုင်နှုန်းပဲ တွေ့ရပါတယ်။ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှဒေသမှာလည်း အာတီဆောနစ် ငှက်ဖျားဆေးတုတွေ ထွက်တာကြောင့် လူနာတွေ အသေအပျောက်ဖြစ်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။

ဒီအပတ် ကျန်းမာရေးအစီအစဉ်မှာတော့ ဆေးတုပြဿနာကို မအေးသန္တာကျော်နဲ့အတူ ဆွေးနွေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG