သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချီလီမှာ နောက်ဆက်တွဲ မြေငလျင်တွေ ထပ်မံလှုပ်ခတ်


ပြီးခဲ့တဲ့သီတင်းပတ်က ချီလီနိုင်ငံ မြောက်ပိုင်းမှာ ၈.၈ ပြင်းအားရှိတဲ့ ငလျင်တခု ပြင်းပြင်းထန်ထန် လှုပ်သွားပြီးတဲ့နောက် ပျက်စီးဆုံးရှုံးမှုတွေ များပြားခဲ့ပြီး ပစိဖိတ်သမုဒ္ဒယာ တလွှားမှာ ဆူနာမီ ကို စတင်ဖြစ်ပေါ်စေခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ဘူမိဗေဒ စစ်တမ်းကောက်ယူချက်မှာ ကြာသပတေးနေ့က လှုပ်ခဲ့တဲ့ ပြင်းအား ၆.၃ ရှိ ငလျင်ဟာ ကာလာမာ ဒေသရဲ့ အရှေ့နဲ့ အရှေ့မြောက် ၆၅ ကီလိုမီတာ အကွာမှာ ဗဟိုပြုပြီး အနက် ၁၀၅ ကီလိုမီတာကနေ လှုပ်ခတ်သွားခဲ့တာလို့ တိုင်းတာတွေ့ရှိရကြောင်း ပြောပါတယ်။

ဒီကြသပတေးနေ့က လှုပ်ခဲ့တဲ့ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုစရင်း လောလောဆယ်တော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ ဒီအချိန်မှာပဲ ချီလီနိုင်ငံက ငလျင်ဒဏ်သင့် သေဆုံးသူတွေအတွက် ဝမ်းနည်းခြင်း အထိန်းအမှတ်အဖြစ် သုံးရက် သတ်မှတ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG