သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဖွား အယ်လ်ကိုင်းဒါး ပြောခွင့်ရသူကို ဖမ်းဆီးမိ


နိုင်ငံတော်ကို ပုန်ကန်မှုနဲ့ အမေရိကန် ပြည်ထောင်စုက အလိုရှိနေတဲ့ အမေရိကန်ဖွား အယ်လ်ကိုင်းဒါး ပြောခွင့်ရသူ အဒမ် ဂဒန်း (Adam Gadahn) ကို ဖမ်းဆီးရမိလိုက်ပြီလို့ ပါကစ္စတန် ထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။

ဂဒန်းကို အခုရက်ပိုင်း အတွင်းကပဲ တောင်ပိုင်း ဆိပ်ကမ်းမြို့ ကရာချိမှာ ဖမ်းဆီးရမိတာ ဖြစ်တယ်လို့ ပါကစ္စတန် ထောက်လှမ်းရေးနဲ့ အစိုးရ အရာရှိတွေ ပြောစကားကို ကိုးကားပြီး ပါကစ္စတန် သတင်းတွေမှာ ဖော်ပြပါတယ်။ အခုဖြစ်ရပ်နဲ့ ပတ်သက်လို့တော့ အမေရိကန် ပြည်ထောင်စုဘက်က မှတ်ချက် တစုံတရာ မပေးသေးပါဘူး။

ဂဒန်းကို ၂၀၀၄ ခုနှစ်ကတည်းက အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး (FBI) ကနေ အလိုရှိနေတာ ဖြစ်ပါတယ်။ သူ့ကို ဖမ်းမိနိုင်အောင် သတင်းပေးသူကို အမေရိကန်ဒေါ်လာ ၁,၀၀၀,၀၀၀ ပေးမယ်လို့ ဆုငွေထုတ်ထားပါတယ်။

အယ်လ်ကိုင်းဒါး ပြောခွင့်ရသူ ဂဒန်းဟာ မကြာခဏဆိုသလို အယ်လ်ကိုင်းဒါးအဖွဲ့က ထုတ်ပြန်တဲ့ ဗွီဒီယိုခွေတွေမှာ တွေ့ရပြီး အမေရိကန် ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေကို တိုက်ခိုက်ကြဖို့ သူက လှုံ့ဆော် ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်ကိုတော့ တနင်္ဂနွေနေ့က အစ္စလမ် အစွန်းရောက်အဖွဲ့ တခုရဲ့ ဝက်ဘ်စာမျက်နှာမှာ ဖော်ပြပြီး အမေရိကန်ပြည်ထောင်စု တက္ကဆက် (Texas) ပြည်နယ် ဖို့တ် ဟုဒ် (Fort Hood) တပ်မြို့မှာ လူပေါင်း ၁၃ ဦးကို သတ်ဖြတ်ခဲ့တဲ့ အမေရိကန် စစ်ဘက် ဗိုလ်မှူးတဦးကို သူဟာ မွတ်ဆလင်တွေအတွက် စံပြပဲဆိုပြီး ချီးကျူးပြောထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG