သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားလက်နက် ဒေါ်လာသန်း ထောင်ပေါင်းများစွာဖိုး အိန္ဒိယ ဝယ်ယူ


ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင် ရဲ့ တရက်ကြာ အိန္ဒိယ ခရီးစဉ်အပြီးမှာ ဒေါ်လာ သန်းပေါင်း ထောင်ချီတဲ့ စွမ်းအင် နဲ့ ကာကွယ်ရေး ဆိုင်ရာ သဘောတူညီချက်တွေ ရရှိသွားခဲ့ပါတယ်။ ဒီအထဲမှာ ရုရှားလုပ် နျူကလီးယား ဓာတ်ပေါင်းဖိုတွေ အိန္ဒိယနိုင်ငံမှာ တည်ဆောက်ရေးလည်း ပါဝင်ပါတယ်။

နယူးဒေလီမြို့မှာ သောကြာနေ့က ဆွေးနွေးကြပြီးတဲ့နောက်၊ နှစ်နိုင်ငံကြားမှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း လက်တွဲ အလုပ်လုပ် နိုင်လာကြတာကို မစ္စတာ ပူတင်ကရော၊ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ကပါ ချီးကျူးပြောဆိုကြပါတယ်။

အိန္ဒိယနိုင်ငံတွင်း နေရာသုံးနေရာမှာ နျူကလီးယာ ဓာတ်ပေါင်းဖို ၁၆ ခု တည်ဆောက်ဖို့ အဓိက သဘောတူညီချက်တခုမှာ ပါဝင်ပါတယ်။ ၂၀၁၇ မှာ တစ်ဝက် တည်ဆောက်ပြီးရမှာ ဖြစ်ပါတယ်။

ဆိုဗီယက်ခေတ်က လေယာဉ်ကို ရောင်းချဖို့ အချက်အလက်အသစ်တွေကိုလည်း နှစ်ဘက် သဘောတူညီခဲ့ကြပါတယ်။ ၂၀၁၂ မှာ လေယာဉ်တွေကို အိန္ဒိယကို ပေးရမှာဖြစ်ပါတယ်။

မူလက Admiral Gorshkov အမည်ရှိတဲ့ လေယာဉ်တွေ ၏ကို ဒေါ်လာ သန်း ၁,၀၀၀ ဖိုး ဝယ်ယူဖို့ အိန္ဒိယက သဘောတူ ထားပါတယ်။ ဈေးက ခုချိန်မှာ ၂ ဆ ဖြစ်သွားပြီလို့ ယူဆရပါတယ်။

အာဖဂန်နစ္စတန်စစ်ပွဲနဲ့ အကြမ်းဖက်ဝါဒ နှိမ်နင်းရေး ကိစ္စတွေကိုလည်း ၂ နိုင်ငံ ခေါင်းဆောင်တွေက ဆွေးနွေးခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG